Home
မြန်မာသတင်း
တိုက်ကြီးမြို့ပေါ်တွင် ငလျင်ထပ်မံလှုပ်ခတ်မည်ကို ဒေသခံများ စိုးရိမ်နေ
DVB
·
March 15, 2017
နောက်ဆက်တွဲ ငလျင်ထပ်မံလှုပ်ခတ်မယ့် သတင်းတွေ ထွက်ပေါ်နေတာကြောင့် တိုက်ကြီးမြို့မဈေး အပါအဝင် စတိုးဆိုင်တွေနဲ့ စားသောက်ဆိုင်တချို့ မနေ့က ပိတ်ထားခဲ့ပြီး မြေငလျင် ထပ်လှုပ်ခတ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ တိုက်ကြီးမြို့အနီး ဗဟိုပြုပြီး မတ်လ ၁၃ ရက် ညက အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ငလျင်ကြောင့် လူနေအိမ် ၆ လုံး၊ ရဲစခန်းလိုင်းခန်း ၃ ခန်း၊ စေတီပုထိုးတွေ အက်ကြောင်းဖြစ်ပေါ်ပြီး ဘုန်းကြီးကျောင်း ၂၉ ကျောင်းက မုခ်ဦးနဲ့ အုတ်တံတိုင်းတွေ ပြိုကျ၊ ဌာနဆိုင်ရာ အဆောက်အဦ ၇ ခုပျက်စီးပြီး တံတား ၂ ခုနဲ့ လမ်း ၁ လမ်း ပျက်စီးဆုံးရှုံးခဲ့ကာ လူ ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးအောင်နိုင်သူဦးက ဒီဗွီဘီကို ပြောပါတယ်။ မတ်လ ၁၄ ရက် မနက် ၁၀ နာရီကျော်လောက်က နောက်ဆက်တွဲ ငလျင်ထပ်မံလှုပ်ခတ်ခဲ့ပြီး လူသန့်အင်းကျေးရွာက အထည်ချုပ်စက်ရုံ မျက်နှာကြက်တွေ ပြိုကျခဲ့လို့ အလုပ်သမား ၈ ဦး ထိခိုက်ဒဏ်ရာပြီး ဆေးရုံပို့ထားရပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024