Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 14, 2017
မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပြည်ပကို အဓိက တင်ပို့နေတဲ့ မတ်ပဲက ဒီနေ့မှာ တစ်တန်ကို ငွေကျပ် လေးသောင်းနှစ်ထောင် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ဆယ့်တစ်သိန်းသုံးသောင်းနှစ် ဈေးရှိပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့ ပေါက်ဈေးက ခုနှစ်သိန်းခုနှစ်သောင်းခြောက်ထောင် ပေါက်ဈေးရှိနေပြီး တစ်တန်ကို ငွေကျပ် တစ်သောင်းတစ်ထောင် တက်လာပါတယ်။ ပဲစင်းငုံကလည်း ဒီနေ့မှာ ငွေကျပ် နှစ်သောင်းလေးထောင်လောက်ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက တစ်တန်ကို ခုနှစ်သိန်း ခြောက်သောင်းငါးထောင် ရှိပါတယ်။ ကုလားပဲလုံး ကုလားပဲလုံးကလည်း တစ်ပိဿာကို ငွေကျပ် ၂၀၀၀ ပေါက်ဈေးရှိနေပြီး ငွေကျပ် ၁၅၀ ဈေးတက်လာပါတယ်။ ကြက်သွန်နီ ကြက်သွန်နီက လည်း တစ်ပိဿာကို ငါးဆယ်ကျပ် တက်လာပြီး ဒီနေ့ပေါက်ဈေးတစ်ထောင့်နှစ်ရာရှိပါတယ်။ ပဲပုတ် မန္တလေးကုန်စည်ဒိုင်မှာ ပဲပုတ် (ဗမာ) က တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဈေးတက်လာပြီးတော့ လတ်တလော ပေါက်ဈေးက ငွေကျပ် ခြောက်သောင်းငါးထောင် ရှိပါတယ်။ စားအုန်းဆီ စားအုန်းဆီဈေးကတော့ ဆက်တိုက်ကို ကျဆင်းနေပြီး ဒီနေ့ မှာ ငွေကျပ် တစ်ဆယ် ကျသွားပါတယ်။ဒီနေ့ ပေါက်ဈေးက ငွေကျပ် တစ်ထောင့်ကိုးရာ ရှိပါတယ်။ မကျည်းတောင့် ပခုက္ကူကုန်စည်ဒိုင်မှာတော့ မကျည်းတောင့် ဟာ နေ့စဉ်ဆက်တိုက် ကို အတက်ဈေးနဲ့ ရှိနေပြီးဒီနေ့မှာ ငွေကျပ် တစ်ရာ့သုံးဆယ် ဈေးတက်လာပါတယ်။ဒီနေ့ ပေါက်ဈေးက ငွေကျပ် တစ်ထောင့်ခုနှစ်ရာနှစ်ဆယ် ရှိပါတယ်။ ရွှေသခွား မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်ကို အဓိက တင်ပို့နေတဲ့ ရွှေသခွားက တစ်တန်ကို ငွေကျပ် ငါးသောင်းခုနှစ် ထောင့်ခြောက်ရာထိ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ခြောက်သိန်းတစ်သောင်းလေးထောင့်လေး ရာ ရှိပါတယ်။ အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024