“မြန်မာတွေအချင်းချင်း ဒီလောက်တောင်သဘောထား သေးသိမ်ကြသလား” မင်းကင်းအမတ် (ရုပ်သံ)
DVB
·
March 14, 2017
မွန်ပြည်နယ်မှာ တည်ဆောက်ထားတဲ့ ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ အမည်ပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးနေရာမှာ မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ဒီကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားနေတာဟာ နိုင်ငံတကာမှာ အင်မတန်လည်း ရှက်စရာကောင်းပါတယ်။ ကျနော်တို့ မြန်မာတွေချင်းချင်း ဒီလောက်တောင် သဘောထားသေးသိမ်ကြသလား”လို့ မေးခွန်းထုတ်သွားပါတယ်။