Home
မြန်မာသတင်း
ငလျင်ကြောင့် တိုက်ကြီးမြို့နယ်၌ စေတီပုထိုးအဆောက်အဦများ ပြိုကျပျက်စီး
DVB
·
March 14, 2017
  ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှာ မနေ့ညက ငလျှင်လှုပ်ခတ်သွားတာကြောင့် စေတီဘုရားစိန်ဖူးတော်နဲ့ဘုန်းတော်ကြီးကျောင်းအချို့မုဒ်ဦးတွေပျက်စီးပြီး လူနေအိမ်တွေ၊ ရဲလိုင်းခန်းတွေနဲ့ ဈေးဆိုင်ခန်းအချို့ ပြိုကျပျက်စီးသွားတယ်လို့  ဒေသခံတွေကဒီဗွီဘီကိုပြောပါတယ်။ မနေ့ည ၈ နာရီ ၅၀ မိနစ်မှာ တကြိမ် ၉ နာရီကျော်လောက်မှာ တစ်ကြိမ်ဆက်တိုက်လှုပ်ခတ်ပြီး တိုက်ကြီးမြို့နယ်ထဲက ဥက္ကံ၊ အဖျောက်၊ တိုက်ကြီးစတဲ့ နေရာတွေမှာလည်း နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တာပါ။ ငလျှင်လှုပ်ခတ်မှုကြောင့် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးရုံးအတွင်းမှာ ရုံးခန်း တခန်းမျက်နှာကျက် အမိုးပြိုကျသွားသလို၊ တိုက်ကြီးမြို့မရဲစခန်းအတွင်းရှိ လူနေလိုင်းခန်း နှစ်ခန်း ပြိုကျပျက်စီးသွားပါတယ်။ ဒါ့အပြင်ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းမုတ်ဦးနဲ့ အုတ်တံတိုင်းတွေ ပြိုကျပျက်စီးပြီး လူနေအိမ် ၄ လုံးလောက်လည်း ပျက်စီးသွားပါတယ်။ လူ၂၀ကျော်ထိခိုက်ဒဏ်ရာရတာကြောင့် ဆေးရုံတက်ကုသမှုခံယူနေရတယ်လို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနကပြောပါတယ်။ မနေ့ညက ကမ္ဘာအေးမြေငလျှင်စခန်းမှ အနောက်မြောက်ဘက် ၂၂ မိုင်လောက်အကွာ မြန်မာနိုင်ငံပြည်တွင်း တိုက်ကြီးမြို့အနားကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၅.၈ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျှင်တခုလှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သတင်း ပေးပို့ မေသွယ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024