ချဲလ်ဆီးကွင်းလယ်လူ ကန်တီကို လမ်းပတ် ချီးကျူး

ဓာတ်ပုံ -​ ရိုက်တာ
ချဲလ်ဆီးကွင်းလယ်လူ ကန်တီဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တဦးဖြစ်တယ်လို့ ချဲလ်ဆီးကစားသမားဟောင်း လမ်းပတ်က ပြောလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကန်တီဟာ မန်ယူနဲ့ကစားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ အနိုင်ဂိုး ၁ ဂိုး သွင်းယူခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်လူ ကန်တီဟာ ချဲလ်ဆီးအသင်းရဲ့ အဓိကမောင်းနှင်အား ဖြစ်တယ်လို့လည်း လမ်းပတ်က ချီးကျူး ပြောဆိုပါတယ်။ ကန်တီဟာ ပြီးခဲ့တဲ့ရာသီမှာ လက်စတာအသင်းကနေ ပေါင်သန်း ၃၀ နဲ့ ချဲလ်ဆီးကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အက်ဖ်အေဖလားပွဲမှာ သွင်းတဲ့ဂိုးဟာ ကန်တီအတွက် ၂ ဂိုးမြောက်ဖြစ်ပြီး ၂ ဂိုးစလုံးဟာ မန်ယူနဲ့ကစားတဲ့ပွဲတွေမှာ သွင်းယူနိုင်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up