Home
မြန်မာသတင်း
ရှမ်းပြည်နယ် ကွတ်ခိုင်​မြို့နယ်တွင်​ တိုက်​ပွဲဖြစ်ပွား
DVB
·
March 14, 2017
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ "မနက် ၄ နာရီ ၅ မိနစ်လောက်မှာ စတာ။ လက်နက်ကြီးသံတွေရော။ မြို့ထဲထိကို ၄ နာရီကနေ ၅ နာရီအထိဖြစ်ကြတာ။ တိုက်ပွဲဖြစ်လို့ ကားလမ်းကြီးကိုလည်း သူတို့ ပိတ်ထားသေးတယ်။ စစဖြစ်ချင်းတော့ အိပ်နေချိန်ဖြစ်နေလို့ ကြောက်လည်းကြောက်လို့ ထမကြည့်ရဲဘူး" လို့ နမ့်ဖက်ကာ ဒေသခံ ဦးအောင်မြတ်က ပြောပါတယ်။ "ပြီးတော့ နမ့်ခမ်းအသွားလမ်းမှာလည်း ဖြစ်တယ်။ အဲမှာက ၇ နာရီအထိ ဖြစ်တယ်။ အိမ်တွေတော့ ထိခိုက်တယ်လို့ ကြားရတယ်။ လူတော့ ထိလား ဘယ်သူမှလည်း သွားမကြည့်ရဲကြသေးဘူးလေ။ ခုတော့ နမ့်ခမ်းကားတွေတော့ ၁ စီးစ ၂ စီးစ စတော့ထွက်နေပြီ” လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် ကျောက်မဲမြို့မှာလည်း မနေ့ညအချိန်တွင် ကျောက်မဲမြို့အနီးနားရှိ တောင်မနဲ့ တောင်နှောက် ကျေးရွာဘက်မှာလည်း ပစ်ခတ်မှုတွေရှိတယ်လို့ ကျောက်မဲဒေသခံတွေက ပြောပါတယ်။ သတင်း - နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024