အချိန်မဟုတ်မိုးကြောင့် တောင်သာနယ်က မျိုးခံကြက်သွန်အထွက် လျော့ကျနိုင် (ဓာတ်ပုံ)
DVB
·
March 13, 2017
မြန်မာပြည်အလယ်ပိုင်း မြင်းခြံ၊ တောင်သာနယ် ဒေသတဝိုက်မှာ မတ်လ ၁၂ ရက်နေ့က အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် မိုးရာသီ စိုက်ပျိုးဖို့ မျိုးခံထားတဲ့ ကြက်သွန်နီခင်းတွေ မိုးမိခဲ့ပါတယ်။
ဒါကြောင့် မျိုးတဝက်လောက် ဆုံရှုံးနိုင်တယ်လို့ ကြက်သွန်စိုက်တောင်သူတဦးဖြစ်တဲ့ ကြာပို့ရွာက ကိုဝင်းကိုက ဒီဗွီဘီကို ပြောပါတယ်။
ပုံမှန်ဆိုရင် ၁ ဧကကို ၁၀ တင်းလောက်ထွက်လေ့ရှိတာဖြစ်ပြီး မျိုးစေ့ ၁ တင်းကို ပြီးခဲ့တဲ့ စိုက်ပျိုးရာသီမှာ ၄ သိန်း ၈ သောင်း ရှိခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်ထွန်းမြင့်