ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် အဖွဲ့​ချုပ် ​ကြေညာချက်ထုတ်ပြန်

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ​နေရာ ၄၈ ​နေရာစလုံး​ကို ဝင်​ရောက် ယှဉ်ပြိုင်မယ်လို့​  အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဒီက​နေ့​ သတင်း​ထုတ်ပြန်ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က​နေ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ၄၈ ​နေရာစလုံး​က​နေ ဝင်ပြိုင်မှာဖြစ်ပြီး​တော့​ ဒီက​နေ့​ ဖွဲ့​စည်း​လိုက်တဲ့​ တိုင်း​နဲ့​ပြည်နယ် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ အဖွဲ့​များ​က​နေ သက်ဆိုင်တဲ့​ ကိုယ်စား​လှယ်​လောင်း​ လျာထား​တဲ့​ စာရင်း​ကို ဇန်နဝါရီ ၁၁ ရက်​နေ့​ ​နောက်ဆုံး​ထား​ပြီး​ တင်သွင်း​ရမယ်လို့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။ မြို့​နယ် ခရိုင်နဲ့​ တိုင်း​နယ်ပြည်နယ်က တင်သွင်း​တဲ့​ ကိုယ်စား​လှယ်​လောင်း​တွေကို ဗဟို​အောင်နိုင်​ရေး​အဖွဲ့​ကမှ အတည်ပြု​ပေး​မှာ ဖြစ်တယ်လို့​ ပါရှိပါတယ်။ ကိုယ်စား​လှယ်​လောင်း​တွေမှာ ပါရှိရမယ့်​ အရည်အချင်း​ကို​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​အုန်း​ကြိုင်က အခုလို ​ပြောပါတယ်။ “ကိုယ်စား​လှယ်​လောင်း​များ​ လျာထား​ရာတွင် (က) ဒီမိုက​ရေစီ​ရေး​ကို သစ္စာ​စောင့်​သိသူ၊​ (ခ) ပညာအရည်အချင်း​နဲ့​ အလုပ်အကိုင် အ​တွေ့​အကြုံရှိသူ၊​ (ဂ) တိုင်း​ရင်း​သား​များ​၊​ (ဃ) အမျိုး​သမီး​နဲ့​ လူငယ်တို့​ကို ဦး​စား​ပေး​ရွေး​ချယ်ရန် ဖြစ်ပါသည်။” အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပါတီမှတ်ပုံတင်ခွင့်​ကို ဒီဇင်ဘာ ၂၃ ရက်​နေ့​က ​နေပြည်​တော်မှာ အဖွဲ့​ချုပ်​ခေါင်း​ဆောင် ဦး​တင်ဦး​ ဒုတိယ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ဦး​ဆောင်ပြီး​ သွား​ရောက်​လျှောက်ထား​ခဲ့​ပေမယ့်​ အခုထိ အ​ကြောင်း​မပြန်​သေး​ဘူး​လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up