ကိုးကန့်ဒေသ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ၀င်ထွက်သွားလာသူများ ပုံမှန်အတိုင်းရှိနေ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်မှာ မတ်လ ၆ ရက်နေ့က စတင်လို့ အစိုးရ တပ်မတော်နဲ့ MNDAA ကိုးကန့်တပ်တွေကြားတိုက်ပွဲတွေဖြစ်နေတယ်ဆိုပေမယ့် ကိုးကန့်ဒေသ အတွင်းက ချင်းရွှေဟော်နယ်စပ်ဂိတ်မှာတော့ ၀င်ထွက်သွားလာသူတွေနဲ့ ပုံမှန်အတိုင်းရှိနေဆဲ ဖြစ်ပါတယ်။ လက်ရှိကြံခုတ်ရာသီဖြစ်တဲ့အတွက်ကြောင့်လည်း မြန်မာနိုင်ငံက ကြံကားတွေဟာ တရုတ်နိုင်ငံဘက် ကို နေ့စဉ်တင်ပို့နေတာကြောင့်လည်း ချင်းရွှေဟော်နယ်စပ်ဂိတ်မှာ ကုန်တင်ယာဉ်တွေနဲ့ စည်ကား နေပါတယ်။ ဒါ့အပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့နဲ့ နမ့်တိမ်ချောင်းတခုတည်းသာ စည်းခြားတဲ့ "၀" ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ဟာလည်း တည်ငြိမ်အေးချမ်းမှုရှိနေပါတယ်။ ကိုးကန့်ဒေသမှာ တကျော့ပြန်တိုက်ပွဲတွေစဖြစ်တဲ့ ၂၀၁၅ ခုနှစ်တုန်းက တိုက်ပွဲတွေဟာ ပြင်းထန်ပြီး မြို့နဲ့လည်း နီးတာကြောင့် ချင်းရွှေဟော်မြို့မှာ နေထိုင်နေသူတွေဟာ အဲ့ဒီတုန်းက ခဏတာ စစ်ဘေး တိမ်းရှောင်ဖူးပါတယ်။ လက်ရှိ ဒီရက်ပိုင်းမှာဖြစ်ပွားတဲ့ လောက်ကိုင်မြို့ဘက်က တိုက်ပွဲတွေဟာ ချင်းဟော်မြို့နဲ့ ဝေးကွာ နေတာကြောင့် ဒီတကြိမ်မှာတော့ မြို့သူမြို့သားတွေဟာ စစ်ဘေးတိမ်းရှောင်တာ မရှိသလောက် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up