တပေါင်းလပြည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နိုင်ငံတော်အကြီးအကဲများ တက်ရောက် လောင်းလှူ
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 13, 2017
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး၊ ပရဝဏ်အတွင်းမှာ ၂၀၁၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ (သာသနာဗိမာန်တော်ကြီးအတွင်း) နဲ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ (တောင်ဘက်မုခ်)ကို မတ်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်အသီးသီးမှ ဥက္ကဋ္ဌတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြပါတယ်။