Home
မြန်မာသတင်း
ဦး​ခင်​ရွှေနှင့်​ စာနယ်ဇင်း​သမား​များ​ကိစ္စ ​ကော်မတီ ရှင်း​လင်း
DVB
·
January 2, 2012
အမျိုး​သား​လွှတ်​တော်က ​ကော်မတီတခုနဲ့​ စာနယ်ဇင်း​မီဒီယာ​တွေအကြား​ လွှတ်​တော် အမတ်တဦး​ကိစ္စနဲ့​ ပတ်သက်လို့​ ဒီက​နေ့​ အ​ချေအတင် ​ဆွေး​နွေး​ခဲ့​ပြီး​နောက် အမျိုး​သား​လွှတ်​တော် တာဝန်ရှိသူ​တွေက စာနယ်ဇင်း​သမား​တွေကို ပြန်လည် ​တောင်း​ပန်သွား​ပါတယ်။ အမျိုး​သား​လွှတ်​တော် ပြည်သူသို့​ တိုင်ကြား​စာနှင့်​ အသနား​ခံစာ ဆိုင်ရာ ​ကော်မတီက တာဝန်ရှိသူ​တွေနဲ့​ စာနယ်ဇင်း​သမား​တွေကို မီဒီယာဥပ​ဒေနဲ့​ ပတ်သက်ပြီး​တော့​ အကြံဥာဏ်​တောင်း​ခံဖို့​ ရန်ကုန်တိုင်း​ ​ဒေသကြီး​ ဆီဒိုး​နား​ဟိုတယ်မှာ ဒီက​နေ့​ ​တွေ့​ဆုံပါတယ်။ [caption id="attachment_17806" align="alignleft" width="300" caption="ဇေကမ္ဘာဦးခင်ရွှေ"][/caption] ဒါ​ပေမယ့်​ ဒီ​တွေ့​ဆုံပွဲမှာ ​ကော်မတီ ဥက္ကဋ္ဌ နဲ့ လွှတ်​တော်အခွင့်​အ​ရေး​ဆိုင်ရာ အတွင်း​ရေး​မှူး​ ဦး​အောင်ငြိမ်း​နှင့်​ အတွင်း​ရေး​မှူး​ ဦး​ရှု​မောင်တို့​ တက်​ရောက်ပြီး​တော့​ ဆယ်ဂဏန်း​နဲ့​ ချီတဲ့​ မီဒီယာသမား​နဲ့​ ​ဇေကမ္ဘာ ဦး​ခင်​ရွှေတို့​အကြား​ အရင်က ဖြစ်ပွား​ခဲ့​တဲ့​ ကိစ္စ​တွေကို ​ဆွေး​နွေး​ခဲ့​ပါတယ်။   ဒီအ​ကြောင်း​ကို ဆရာ​ဖေမြင့်​က “ကာကွယ်​ပြောဆိုတာထက် ဦး​ခင်​ရွှေကိုယ်စား​ ရှင်း​လင်း​ပြောဆိုတယ်​ပေါ့​ဗျာ၊​ ကျ​နော်က​တော့​ အဲဒီ​လောက်ပဲ ​ပြောချင်ပါတယ်။ တချို့​က ​ပြောတာက ဒီကိစ္စဟာ မီဒီယာ ဥပ​ဒေနဲ့​ ပတ်သက်ပြီး​ပြောတာ ဖြစ်​ပေမယ့်​ ဦး​ခင်​ရွှေအ​ကြောင်း​ပြောတာ ​တော်​တော်များ​တယ်​ပေါ့​ဗျာ။ ဦး​ခင်​ရွှေ ကိုယ်စား​ ရှင်း​လင်း​ပြောတာ ဖြစ်​နေတဲ့​အတွက် ဒီပုဂ္ဂိုလ်​တွေက​နေ တဆင့်​ မ​ပြောဘဲနဲ့​ ဦး​ခင်​ရွှေကိုယ်တိုင် သတင်း​သမား​တွေနဲ့​ ​တွေ့​ဆုံရင် ပိုပြီး​တော့​ အဆင်​ပြေမယ်ဆိုတဲ့​ သ​ဘောမျိုး​ ​ပြောကြတယ်။ ” အရင်က ​ဇေကမ္ဘာဦး​ခင်​ရွေက မီဒီယာသမား​တွေရဲ့​ သိက္ခာကို ထိပါး​တဲ့​ အ​ပြောအဆိုရှိခဲ့​တယ်ဆိုပြီး​ စာနယ်ဇင်း​သမား​တွေနဲ့​ ပြဿနာဖြစ်ပွား​ခဲ့​ပါတယ်။ ဒါကို ဦး​ခင်​ရွှေက သ​ဘောရိုး​နဲ့​ ​ပြောဆိုတာကို စာနယ်ဇင်း​သမား​များ​က နား​လည်မှုလွဲမှား​ခဲ့​တယ်လို့​ ​ကော်မတီက သုံး​သပ်ခဲ့​တဲ့​အတွက် အ​ချေအတင် ​ဆွေး​နွေး​မှု​တွေရှိတယ်လို့​လည်း​ တက်​ရောက်တဲ့​သူ​တွေက ​ပြောပါတယ်။ “​ဆွေး​နွေး​တာက​တော့​ ​တော်​တော် တန်တန်​ပေါ့​ဗျာ၊​ သိပ်ပြင်း​ပြင်း​ထန်ထန်​တော့​ မဟုတ်ပါဘူး​၊​ ​တော်​တော်များ​များ​တော့​ ​ပြောကြဆိုကြတယ်ဗျ။” အစည်း​အ​ဝေး​ပြီး​ခါနီး​မှာ ​ကော်မတီက ဦး​ခင်​ရွှေကိုယ်စား​ စာနယ်ဇင်း​သမား​တွေကို ​တောင်း​ပန်ခဲ့​တယ်လို့​ တက်​ရောက်သူ​တွေက ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024