အလှပြင်စင်တာတခုမှ မြန်မာအမျိုးသမီး ၁၉ ဦးနှင့်ဗီယက်နမ် ၁ ဦးကို မလေးရှားရဲ ကယ်တင်

TO GO WITH: Indonesia-prostitution-economy,FEATURE by Maud Watine In this photograph taken on May 3, 2014, Indonesian sex workers cover their faces as military police accompanied by journalists conduct patrols to prevent soldiers and police from patronizing Surabaya city's red light district popularly known as Dolly. Indonesian sex workers are protesting over a plan to close one of Southeast Asia's biggest red light districts after the city's crusading new mayor has pledged to shut down the area, which takes its name from a Dutch madam who ran a brothel during the Netherlands' colonial rule of Indonesia, by June 18. The Dolly district of Surabaya, the second-biggest city in the world's most populous Muslim-majority country, has largely been left alone by authorities for decades. AFP PHOTO / JUNI KRISWANTO
မလေးရှားနိုင်ငံ ပီရက်က်ပြည်နယ်ရှိ အီးပို့မြို့ ဂျလန်းကမ်ပါအရပ်က အလှပြင်စင်တာတစ်ခုကို ရဲတွေက ရှောင်တစ်ခင် ၀င်ရောက်စစ်ဆေးစဉ် လိင်အမြတ်ထုတ်ခံရတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံမှ ရှမ်းအမျိုးသမီး ၁၉ ဦးနဲ့ ဗီယက်နမ်အမျိုးသမီးတဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က မတ်လ ၉ ရက်နေ့မှာ အီးပို့မြို့ ဂျလန်းကမ်ပါအရပ်က လိင်ဖျော်ဖြေရေးလုပ်ကိုင်နေတယ်လို့ ယူဆရတဲ့ အလှပြင်စင်တာတစ်ခုကို ရှောင်တစ်ခင်ရှာဖွေခဲ့ပြီးနောက် အခုလို ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ ပီရက်က်ပြည်နယ် ရာဇဝတ်မှုဖော်ထုတ်ရေးဌာနရဲ့ အကြီးအကဲဖြစ်သူ ဒါတက်ခ်ဂန်တီရန်ကီးက “ရှောင်တစ်ခင်စစ်ဆေးမှုအတွင်း အောက်ထပ်မှာ စောင့်ကြပ်နေသူ၊ ငွေစာရင်းကောင်တာ ဝန်ထမ်း၊ ဦးစီးသူနဲ့ သုံးစွဲနေသူ ၂ ဦး၊ စုစုပေါင်း အမျိုးသား ၅ ဦးကို ဖမ်းဆီးခဲ့တယ်” လို့ ပြောပါတယ်။ မလေးငွေ ၆၇၀ RMG နဲ့ ကွန်ဒုံး ၁၇၅ ခု၊ စကားပြောစက် ၂ ခု၊ တယ်လီဗေးရှင်း ၂ စုံနဲ့ မိုဘိုင်းဖုန်း ၄ လုံးတို့အပါအဝင် အခြားပစ္စည်းတွေကို သိမ်းလိုက်တယ်လို့လည်း ဆိုပါတယ်။ ဒီအမှုကို ပုဒ်မ ၁၂ ၊ ပုဒ်မ ၁၄ တို့နဲ့ စုံစမ်းနေတယ်လို့ အကြီးအကဲဂန်က ပြောပါတယ်။ သတင်း - themalaymailonline

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up