DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စား​သည့်​ တရား​သူကြီး​များ​ကို အ​ရေး​ယူမည့်​ဥပ​ဒေ​ပေါ်ရန် ကြိုး​ပမ်း
DVB
·
January 2, 2012
အဂတိလိုက်စား​သည့်​ တရား​သူကြီး​များ​ကို အ​ရေး​ယူမည့်​ဥပ​ဒေ​ပေါ်ရန် ကြိုး​ပမ်း
Donate to DVB

ဥပ​ဒေနဲ့​မညီညွတ်ဘဲ အဂတိလိုက်စား​ စီရင်ချက်ချတဲ့​ တရား​သူကြီး​တွေကို အ​ရေး​ယူမယ့်​ ဥပ​ဒေတရပ် ပြည်သူ့​လွှတ်​တော်မှာ ပြဋ္ဌာန်း​နိုင်ဖို့​ ကြိုး​ပမ်း​နေတယ်လို့​ တရား​စီရင်​ရေး​နဲ့​ ဥပ​ဒေ​ရေး​ရာ ​ကော်မတီဥက္ကဋ္ဌ သူရဦး​အောင်ကိုက သတင်း​မီဒီယာ​တွေကို ​ပြောပါတယ်။

အစိုး​ရသစ်လက်ထက်မှာ တရား​ဥပ​ဒေမဏ္ဍိုင်ကို တည့်​မတ်​အောင် ကြိုး​ပမ်း​ချက်တရပ်ဖြစ်ပြီး​ လက်ရှိ တည်ဆဲဥပ​ဒေ​တွေမှာ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်း​ထား​ခြင်း​ မရှိတဲ့​အတွက် ဖြစ်​ကြောင်း​ ၂၀၁၁ ဒီဇင်ဘာ ၂၉ ရက်က ​ကော်မတီဥက္ကဋ္ဌ သူရဦး​အောင်ကိုရဲ့​ ​ပြောစကား​ကို အလဲဗင်း​ဂျာနယ်မှာ ​ဖော်ပြထား​ပါတယ်။

ဒီ​ပြောကြား​ချက်အ​ပေါ် နိုင်ငံ​ရေး​သမား​တွေဘက်က အမှုလိုက်​ပေး​ရင်း​ ​ရှေ့​နေလိုင်စင် ရုပ်သိမ်း​ခံထား​ရတဲ့​ ရန်ကုန်မြို့​က ဥပ​ဒေအကျိုး​ဆောင် ဦး​အောင်သိန်း​က ကြိုဆိုလိုက်ပါတယ်။

“လာဘ်လာဘကို ​မျှော်မှန်း​ပြီး​တော့​ သ​ဘောတူညီချက် လုပ်ပြီး​တော့​ ယူတဲ့​ကိစ္စရပ်​တွေ​ပေါ့။ စာအုပ်​တွေမှာလည်း​ ရာဇသတ်ကြီး​ ပြစ်မှုအရ စွဲမယ်ဆိုရင်လည်း​ သုံး​နှစ်​လောက်ထိ ပြစ်ဒဏ်တမျိုး​မျိုး​ ​ပေး​လို့​ရတဲ့​အပြင် အထူး​ဥပ​ဒေအရ ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေများ​အရဆိုရင်လည်း​ ၇ နှစ်​လောက်ထိ ပြစ်ဒဏ်​တွေ​ပေး​နိုင်တယ်ဆိုတာ ​တွေ့​ရတယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​ လွန်ခဲ့​တဲ့​ အနှစ် ၂၀ ​လောက်က ဒီဘက်​ခေတ်မှာ ဒီလိုပြည်သူ့​ဝန်ထမ်း​တွေကို အ​ရေး​ယူ ​ဆောင်ရွက်တာ အင်မတန်ရှား​ပါး​တယ်။ ရှင်း​ရှင်း​ပြောရရင် မရှိသ​လောက်ပဲလို့​ ​ပြောလို့​ရနိုင်တဲ့​ အ​နေအထား​တွေ ရှိပါတယ်။ ဥပ​ဒေတခု ပြဋ္ဌာန်း​ပြီး​တော့​ ပြည်သူ့​လွှတ်​တော်မှာ ဥပ​ဒေကြမ်း​အဖြစ် တင်သွင်း​ပြီး​တော့​ ​ဆောင်ရွက်မယ်ဆိုတဲ့​ ကိစ္စဟာ အင်မတန် သင့်​လျော်ပြီး​ အချိန်အခါနဲ့​ ကိုက်ညီပါတယ်လို့​ ကျ​နော် ​ပြောချင်ပါတယ်။”

ဦး​အောင်သိန်း​ဟာ စစ်အစိုး​ရလက်ထက် မင်း​ကိုနိုင်၊​ အရှင်ဂမ္ဘီရလို ထင်ရှား​တဲ့​ တက်ကြွလှုပ်ရှား​ သူ​တွေဘက်က အမှုလိုက်ပါ​ဆောင်ရွက်ရင်း​ ​ရှေ့​နေလိုင်စင် အသိမ်း​ခံရသူဖြစ်ပါတယ်။

တရား​ရေး​မဏ္ဍိုင် ​ဖြောင့်​မတ်ဖို့​အတွက် မီဒီယာ​လောကသား​တွေကိုလည်း​ လွတ်လွတ်လပ်လပ် ​ရေး​ခွင့်​ပေး​ဖို့​ လိုတယ်လို့​လည်း​ ဦး​အောင်သိန်း​က ​ပြောပါတယ်။

“အဂတိ မကင်း​တဲ့​ လုပ်​ဆောင်ချက်​တွေက နှစ်​ပေါင်း​များ​စွာ အရိုး​စွဲတာလည်း​ အ​လေ့​အကျင့်​လို ဖြစ်​နေတယ်။ ဆရာသမား​ကို ပူ​ဇော်ပသ ချဉ်း​ကပ်ပြီး​တော့​ မိမိရဲ့​ ကျ​ရောက်လာမယ့်​ အန္တရာယ်ကို အကာအကွယ်​ပေး​ပြီး​တော့​ ကြိုတင်လာဘ်လာဘ​တွေ သွား​ပြီး​တော့​ ပို့​ထား​တဲ့​ဟာမျိုး​တွေလည်း​ ရှိတယ်။ ဒါက တရား​စီရင်​ရေး​ စနစ်တခုတင်မဟုတ်ပါဘူး​။ ဘယ်ဝန်ကြီး​ ဌာန၊​ ဘယ်အုပ်ချုပ်​ရေး​ စနစ်တခုမှာဖြစ်ဖြစ် ဒါ​တွေက ရှိ​နေဆဲပါ။ အဲဒါ​တွေက​တော့​ ကျ​နော်တို့​ လူထုအင်အား​နဲ့​ ​ဆောင်ရွက်ရမယ့်​ မရနိုင်ဘူး​ဆိုရင် စတုတ္ထမဏ္ဍိုင်​တွေဖြစ်တဲ့​ မီဒီယာလွတ်လပ်ခွင့်​ပေါ် အ​ခြေပြုပြီး​တော့​ ဒါ​တွေကို ​ဖော်ထုတ်လာမယ်ဆိုရင် ဒါ​တွေက တဖြည်း​ဖြည်း​နဲ့​တော့​ ​လျော့​နည်း​သွား​နိုင်မယ်လို့​တော့​ ကျ​နော်ယုံကြည်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013