မုံရွာမြို့တွင် နေအိမ်ပြုပြင်ရန် ခြံသန့်ရှင်းရေးလုပ်ရာမှ ကျည်ဆံအဟောင်းများ တွေ့ရှိ
DVB
·
March 12, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ နယ်မြေ ၂၁၊ ကရုဏာလမ်းနေ ကိုပေါက်ရဲ့ နေအိမ်အဟောင်းကို မတ် ၁၁ ရက် ညနေပိုင်း ပြန်လည်ပြုပြင်ရာမှ ကျည်ထိပ်ဖူးအဟောင်း ၂၃၅ တောင့်အား တွေ့ရှိခဲ့ပါတယ်။
မိဘတွေလက်ထက်က ကြေး၊ သံ စတဲ့ အဟောင်းပစ္စည်း အရောင်းအဝယ် ပြုလုပ်ခဲ့တယ်လို့သိရပြီး နေအိမ်အား ပြန်လည်ပြုပြင်ဖို့ နေအိမ်ဝင်းသန့်ရှင်းရေးလုပ်ရာမှ ကျည်ဆန်အဟောင်းတွေ တွေ့ခဲ့ရတာလို့ မုံရွာနယ်မြေရဲစခန်းက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျည်ဆန်အမျိုးအစားသိနိုင်ဖို့ မုံရွာတပ်နယ်ကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ သိရပါတယ်။