A d v e r t i s e m e n t With Us

နှစ်သစ်ကူး​မှာ အစိုး​ရဓာတ်ဆီ​ဈေး​နှုန်း​မြှင့်​တင်

မြန်မာနိုင်ငံ ရန်ကုန်မြို့​က အစိုး​ရပိုင် ဓာတ်ဆီဆိုင်​တွေမှာ ဓာတ်ဆီ အ​ရောင်း​ဈေး​ကို ၃၄ ရာခိုင်နှုန်း​လောက် မြှင့်​တင်လိုက်တယ်လို့​ ဒီက​နေ့​ ​ကြေညာလိုက်ပါတယ်။ ရန်ကုန်မြို့​က ဓာတ်ဆီဆိုင်​တွေမှာ ဓာတ်ဆီ​ဈေး​ဟာ တဂါလံ ၂၅၀၀ ကျပ်က​နေ ၃၃၅၀ အထိ မြင့်​တက်​ သွာပြီး​ စီအန်ဂျီဓာတ်​ငွေ့​နဲ့​ ဒီဇယ်​ဈေး​က​တော့​ မပြောင်း​လဲဘူး​လို့​ စမ်းချောင်း​ ဓာတ်ဆီဆိုင် တာဝန်ရှိသူတဦး​က ​ပြောပါတယ်။ အခုလို​ ​အ​စိုး​ရ​ဆိုင်​တွေ​မှာေ​ဈး​နှုန်း​​ တိုး​​မြှင့်​လိုက်​တဲ့​​ အ​တွက်​ ​ပြင်ပ​ ပေါက်ေ​ဈး​​ ​ဓာတ်​ဆီ​ ​တ​ဂါ​လံ​ကို​ ​၄၃၀၀​ ​ကျပ်​လောက်​အ​ထိ​ ​မြင့်​တက်​သွား​တယ်​လို့​​ ​ရန်​ကုန်​မြို့​ခံ​တွေ​က​ ​ပြော​ပါ​တယ်​။ အလား​တူ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား​ သုံး​စွဲခ​တွေကို ဇန်နဝါရီ ၁ ရက်​နေ့​က စပြီး​ အိမ်သုံး​ တယူနစ် ၂၃ ကျပ်က​နေ ၃၅ ကျပ်နဲ့​ စီး​ပွား​ရေး​လုပ်ငန်း​သုံး​ ၁ ယူနစ်ကို ၅၀ က​နေ ၇၅ ကျပ်နှုန်း​အထိ တိုး​မြှင့်​​ ကောက်ခံမယ်လို့​ မြန်မာအစိုးရက တရား​ဝင် ထုတ်ပြန်ထား​ပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့​တဲ့​ ၂၀၀၇ ခုနှစ်တုန်း​က နအဖ စစ်အစိုး​ရ လက်ထက်ကလည်း​ ​လောင်စာဆီ​ဈေး​တွေကို စစ်အစိုးရက မြှင့်​တင်ခဲ့​ဖူး​ပြီး​ ​ဈေး​နှုန်း​မြင့်​တက်မှုကို အ​ကြောင်း​ပြုပြီး​ ဆန္ဒပြပွဲ​တွေ ​ပေါ်​ပေါက်ခဲ့​ဖူး​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up