အယ်မူ မူဂျာဟစ်ဒင် အကြမ်းဖက်အဖွဲ့ဝင် ၁ ဦး ထပ် ဖမ်းမိ
DVB
·
March 11, 2017
မောင်တောဒေသကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အယ်မူ မူဂျာဟစ်ဒင်အဖွဲ့က အဖွဲ့ဝင် ၁ ဦးကို မတ်လ ၆ ရက် ညနေပိုင်းမှာ ထပ်မံ ဖမ်းမီရမိပါတယ်။
မောင်တောမြို့နယ်၊ ဆင်သေပြင် အနောက်ရွာ ဗလီရှေ့ရွာလယ်လမ်းမှာ မောင်စိုး (ခ)ရှောင်ရှုးအာလောင် ဆိုသူကို ဖမ်းမိခဲ့တာဖြစ်ပြီး သူဟာ ကျီးကန်းပြင်ရွာ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ Aqu Mul Mujahidin အယ် မူ မူဂျာဟစ်ဒင် အဖွဲ့ဝင် ဖြစ်တယ်လို့ စစ်ဆေးဖော်ထုတ် တွေ့ရှိပါတယ်။
မောင်စိုး (ခ)ရှောင်ရှုးအာလောင် နဲ့အတူ အရိုးအသွား ၉ လက်မခန့်ရှိ ခေါက်ဓား တချောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ဆင်းကဒ်ပါ လက်ကိုင်ဖုန်းတလုံးတို့ သိမ်းဆည်းရမိပြီး သူ့ကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ အမှုဖွင့်စစ်ဆေးနေတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။