အုတ်တင်ကားကြီး မှောက်ပြီး ဘေးမှကားပေါ် အုတ်ပုံကြီး ကြေက်မက်ဖွယ် ပြိုကျနစ်မြုပ် (ရုပ်သံ)

တရုတ်နိုင်ငံ လမ်းပေါ်မှာ မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းက အုတ်အပြည့်တင်ထားတဲ့ လော်ရီကားတစ်စီးက ရှေ့ကားကို အမြန်ကျော်တက် မောင်းနှင်ရာ တိမ်းမောက်သွားပြီး ကျော်တက်ခံခဲ့ရတဲ့ ကားအပေါ် အုတ်တွေအားလုံးပြိုကျသွားခဲ့ပါတယ်။ ဒီထိတ်လန့်စရာ အခင်းဖြစ်ပွားမှုကို နောက်ကမောင်းနှင်လာတဲ့ ကားတစ်စီးရဲ့ ဒက်ရှ်ဘုတ် ကင်မရာက ရိုက်ကူးမိတာလို့ ဆိုပါတယ်။ ရုပ်သံထဲမှာ အနက်ရောင်ကားက အတွင်းဘက်လမ်းထဲကို ယူပြီးမောင်းနှင်ဖို့ အချက်ပြထားလို့ အနောက်က မောင်းနှင်လာတဲ့ ငွေရောင်ကားက နေရာပေးတဲ့အနေနဲ့ အရှိန်လျော့မောင်းနှင်ခဲ့တာပါ။ ဒီလိုဖြစ်နေတဲ့အခြေအနေမှာ နောက်ကမောင်းနှင်လာတဲ့ အုတ်အပြည့်တင်လော်ရီကားက ကျော်တက်ဖို့ ကြိုးစားရင်း လမ်းကျဉ်းလေးကို ယူပြီးမောင်းနှင်ခဲ့ရာ ပလက်ဖောင်းပေါ်ကိုပါ ကျော်တက်မောင်းနှင်ခဲ့ပါတယ်။ ဒါပေမယ့် လော်ရီကားက လမ်းပေါ်ကို ဘီး၂ ဖက်ရောက်ပြီး နောက် ဘီး ၂ ဖက် လွတ်နေကာ အလေးချိန် မမျှနေလို့ တစ်စောင်းမှောက်သွားခဲ့တာပါ။ ဒီအခင်းဖြစ်ပွားမှုအတွင်း ငွေရောင်ကားပေါ်က ကားသမား ဒါမှမဟုတ် လိုက်ပါ စီးနင်းသူ တစ်ဦးဦး ဒဏ်ရာ ရ/မရဆိုတာ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up