ကျောက်မဲတွင် ကလေးငယ်တဦး ကြိုးဆွဲချ သေဆုံး
DVB
·
March 11, 2017
ရှမ်းမြောက် ကျောက်မဲမြို့နယ်ရဲ့ မြောက်ဘက် ၆ မိုင်ကျော်လောက်ရှိတဲ့ ဓနုကျေး ရွာလေးဖြစ်တဲ့ ကုန်းစုံရွာမှာ မတ် ၁၀ ရက်နေ့က အသက် ၁၂ အရွယ်ရှိ ကလေးငယ်တဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
“ကလေးအဖေက အရမ်းဆိုးတယ်။ မိုးမလင်းသေးဘူး၊ အရက်စသောက်နေပြီ။ မှုးလာရင် ကလေးတွေရော၊ သူ့မိန်းမကိုရော ရိုက်တယ်။ ပြီးတော့ ရွာအပြင်ကို နှင်ထုတ်ထားတော့ သူ့တို့ တောင်ယာထဲမှာ သွားနေကြတယ်။ အဲတာကို အဲကလေးက စိတ်ညစ်ပြီး တောင်ယာနားလေးမှာ ရှိတဲ့ သစ်ပင်တပင်မှာ သူ့ကိုယ်သူ ကြိုးဆွဲချပြီး သေဆုံးသွားတာ ဖြစ်မယ်။ ရွာသားတွေ အားလုံးလည်း အဲလိုပြောကြတယ်” လို့ ကျောက်မဲ ဇိဝိတ နာမှုကူညီရေးအသင်းက ဦးတင်မောင်သိန်းက ပြောပါတယ်။
“သေမှု သေခင်းနဲ့ ပက်သက်လို့ အမှုဖွင့်ထားပါတယ်။ သေမှုသေခင်းဖွင့်ထားတယ်။ ရိုးရိုးသေတာလား၊ လုပ်ကြံမှုလားမသိဘူးလေ” လို့ ဆက်ပြောပါတယ်။
“ဒီကလေးကတော့ ကြိုးဆွဲချသေသွားတယ်။ အဲတာကို သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်။ ဆေးရုံမှာ စစ်ဆေးနေပါတယ်လ” လို့ ကျောက်မဲ ဒုရဲအုပ် ဇင်မင်းထွန်းက ပြောပါတယ်။
ကျောက်မဲမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းကလည်း ဆယ်တန်းမအောင်တဲ့အတွက် ကျောင်းသူတဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ဖူးပါတယ်။
နိုင်နိုင်