DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမိုင်တိုင် ၈၀ အနီး ဘုရားဖူးယာဉ်တစီး မီးလောင်
DVB
·
March 11, 2017
အမြန်လမ်းမိုင်တိုင် ၈၀ အနီး ဘုရားဖူးယာဉ်တစီး မီးလောင်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၀/၂ နဲ့ ၈၀/၃ ကြားမှာ မတ်လ ၁၀ ရက် ည ၁၁ နာရီ လောက်က ဘုရားဖူးယာဉ်တစီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

“ကားမီးလောင်တာကတော့ ဟုတ်ပါတယ်။ ကျနော်တို့ကတော့ ဖြေလို့ မရပါဘူး။ နေပြည်တော်က သတင်းထုတ်ပြန်ရေးဌာနကို အကုန်ပို့ ထားပါတယ်။ အဲဒီကိုဆက်သွယ်ပြီး မေးလိုက်ပါ" လို့ မြို့ချောင်း အမြန်လမ်းရဲတပ်ဖွဲ့ စခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း သီဟအောင်ဇော်မောင်းနှင်လာတဲ့ ယာဉ် ၀ါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုကို မြို့ချောင်းအမြန်းလမ်းရဲတပ်ဖွဲ့စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ အမြန်လမ်းမီးသတ်ဌာနက တပ်ဖွဲ့ဝင်တွေ သွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး ည  ၁၁ နာရီ ၅၀ မိနစ်မှာ  မီငြိမ်းသွားပါတယ်။

ယာဉ်ပေါ်မှာ ဘုရားဖူးခရီးသည်  ၂၃ ဦးလိုက်ပါလာပြီး ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် မီးလောင်မှုကြောင့် ယာဉ်တစီးလုံးပျက်စီးသွားပြီး ကျပ်သိန်း ၁၅၀ ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်အား မြို့ချောင်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၂၇၉ / ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013