DVB Logo
Home
မြန်မာသတင်း
ဒေါက်တာ​နေဝင်း​မောင် ရုတ်တရက် ကွယ်လွန်
DVB
·
January 1, 2012
ဒေါက်တာ​နေဝင်း​မောင် ရုတ်တရက် ကွယ်လွန်
Donate to DVB

မြန်မာမီဒီယာ​လောကနဲ့​ အန်ဂျီအို​လောကမှာ ထင်ရှား​လူသိများ​တဲ့​ ​ဒေါက်တာ ​နေဝင်း​မောင် (ခ) ​အောင်ထွဋ် အသက် (၅၀) နှစ်ဟာ ပြီး​ခဲ့​တဲ့​ နှစ်သစ်ကူး​ ညသန်း​ခေါင်​ကျော်အချိန်က ရန်ကုန်ပြည်သူ့​ဆေး​ရုံကြီး​မှာ နှလုံး​ရောဂါနဲ့​ ရုတ်တရက် ကွယ်လွန်သွား​ခဲ့​ပါတယ်။

ဒေါက်တာ ​နေဝင်း​မောင်နဲ့​ ရင်း​နှီး​တဲ့​မိတ်​ဆွေတဦး​ဖြစ်သူ ​ဆောင်း​ပါး​ရှင် ​ကျော်လင်း​ဦး​က “ည ၁၁ နာရီ​လောက်က ​ဆေး​ရုံ တင်လိုက်တာ။ ​သွေး​ကြောပိတ်​တော့​ မမီ​တော့​ဘူး​ ဖြစ်သွား​တာပါ။ heart attack ရသွား​တဲ့​ သ​ဘောပါ။ သူ့​ဘာသာသူ ကား​မောင်း​ပြီး​ အိမ်ပြန်လာရင်း​ ​အောင့်​တယ်ဆိုပြီး​ ​ဆေး​ရုံကို သူ့​ဘာသာသူ သွား​တာ။ ​ဆေး​ရုံမှာ တင်လိုက်ပြီး​မှ ​နောက်မှ အိမ်က သိလို့​ ​နောက်က လိုက်သွား​တာ။ ဆုံး​တာက ရန်ကုန်​ဆေး​ရုံကြီး​မှာပါ။ စတက်တာက ဝီတိုရီယမှာ ​နောက်​တော့​ ​ဆေး​ရုံကြီး​ကို refer (လွှဲ​ပြောင်း​​) လုပ်တာ​ပေါ့​။”

ဒေါက်တာ​နေဝင်း​မောင်ဟာ The Voice Weekly ဂျာနယ်နှင့်​ Living Color မဂ္ဂဇင်း​တွေ ထုတ်​ဝေတဲ့​ Living Color Media ရဲ့​ CEO အမှု​ဆောင်အရာရှိချုပ်နဲ့​ Myanmar Egress အန်ဂျီအိုအဖွဲ့​ကို တည်​ထောင်ခဲ့​ပြီး​ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်မှာ ​မွေး​ဖွား​ခဲ့​ပြီး​ ၁၉၈၈ ခုနှစ်မှာ ​ဆေး​တက္ကသိုလ် ၁ ရန်ကုန်က​နေ M.B.,B.S ဘွဲ့​ရခဲ့​ပါတယ်။ ၂၀၀၄ ခုနှစ်မှာ အ​မေရိကန် ပြည်​ထောင်စု YALE တက္ကသိုလ်က​နေ နိုင်ငံ​ရေး​သိပ္ပံဘာသာ အထူး​ပြုဖြင့်​ Fellowship ပညာသင်ဆု ရရှိခဲ့​ပါတယ်။

ပြည်တွင်း​ စာနယ်ဇင်း​တွေမှာ မြန်မာ့​နိုင်ငံ​ရေး​ အ​ပြောင်း​အလဲနဲ့​ ပတ်သက်ပြီး​ ဒီမိုက​ရေစီ​ရေးရာနဲ့​ ဖွဲ့​စည်း​ပုံ​ရေး​ရာကိစ္စ​တွေမှာ ​အောင်ထွဋ်၊​ ​ကျော်စွာစတဲ့​ က​လောင်အမည်​တွေနဲ့​ ​ဆောင်း​ပါး​တွေ ​ရေး​သား​ခဲ့​သူဖြစ်ပြီး​ ၂၀၁၀ ​ရွေး​ကောက်ပွဲကိုလည်း​ ​ထောက်ခံ ​ရေးသားခဲ့သူ ဖြစ်ပါတယ်။ သူ​ရေး​သား​ခဲ့​တဲ့​ အ​ပြောင်း​အလဲအတွက် လူထုလိုသည် စာအုပ်ဟာ ထင်ရှား​ပါတယ်။ သူကွယ်လွန်သွား​တဲ့​ အ​ပေါ်မှာ လုပ်​ဖော်ကိုင်ဖက် တဦး​ဖြစ်တဲ့​ The Voice weekly ဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦး​ဇေယျသူက ခုလို မှတ်ချက်​ပေး​ပါတယ်။

“ကြီး​မား​တဲ့​ ဆုံး​ရှုံး​မှု တရပ်ပါ။ ခုချိန်က ကျ​နော်တို့​နိုင်ငံက လုပ်စရာ​တွေ အများ​ကြီး​ ရှိ​နေ​သေး​တဲ့​ အချိန်​ပေါ့​။ သူလည်း​ ဒါ​တွေ လုပ်စရာကိုင်စရာ​တွေ အများ​ကြီး​ ရှိ​နေ​သေး​တဲ့​အချိန်မှာ သူ ​နေမ​ကောင်း​ဖြစ်တာ သူသိတယ်။ နှလုံး​ရောဂါအ​ခြေအ​နေ သိရဲ့​သား​နဲ့​ သူ့​ဟာသူ ကုဖို့​ကို အချိန်မ​ပေး​နိုင်ဘူး​။ အခုကျမှ ဖြစ်တဲ့​အခါကျ​တော့​ ပထမဆုံး​ ဒီနှလုံး​ရောဂါနဲ့​တင် ဆုံး​သွား​တာ​ပေါ့​။ ကျ​နော်တို့​ အတွက်က​တော့​ အစား​ထိုး​မရတဲ့​ ဆုံး​ရှုံး​မှု တခုပါပဲ။ ဒါ​ပေမယ့်​ သူ့​ကို ကျ​နော်တို့​ တကယ်​လေး​စား​တယ်၊​ တကယ်ချစ်ခင်ရင်၊​ မြတ်နိုး​တယ်ဆိုရင် သူဖြစ်​စေချင်သလို ဆက်ပြီး​တော့​ ကြိုး​စား​သွား​ရမှာ​ပေါ့​။”

သူ မကွယ်လွန်ခင် ​နောက်ဆုံး​ အချိန်အထိ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေနဲ့​ အစိုး​ရ​ အကြား​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေမှာ ကြား​ဝင် ဆက်သွယ် ညှိနှိုင်း​ ​ဆောင်ရွက်​ပေး​နေသူ​ တဦး​လည်း​ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပြီဖြစ်ပြီး​ ဇနီး​ဒေါ်ဝင်း​ကလျာ​ဆွေနဲ့​ သမီး​ ၄ ဦး​ ကျန်ရစ်ပါတယ်။ သူ့​ရဲ့​ ဈာပနကို ဇန်နဝါရီလ ၁ ရက်​နေ့​ မွန်း​လွဲပိုင်း​မှာ ​ရေ​ဝေး​သုသာန်ကို ပို့​ဆောင် မီး​သင်္ဂြိုဟ်မယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013