“အကယ်ဒမီ ရင်မခုန်တာ ကြာပြီ”- ကျော်ရဲအောင် (ရုပ်သံ)
DVB
·
March 11, 2017

ဝါရင့် သရုပ်ဆောင်မင်းသားကြီး ကျော်ရဲအောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘လူးရတနာသိုက်’ ဇာတ်ကားဟာ အကယ်ဒမီ ဆန်ကာတင်စာရင်းဝင် ဇာတ်ကားထဲမှာ ပါတယ်လို့ သိရပါတယ်။ သရုပ်ဆောင် ကျော်ရဲအောင်ကို ဒီဗွီဘီက မေးမြန်းကြည့်ရာမှာတော့ အကယ်ဒမီအတွက် ရင်မခုန်တာ ကြာပြီဖြစ်ကြောင်းနဲ့ အကယ်ဒမီရရင်လည်း ယူဖို့အစီအစဉ်မရှိကြောင်း ပြောပါတယ်။
“ကျနော်ပါဝင်တဲ့ ဇာတ်ရုပ်ကတော့ လူရိုင်းတယောက်ပါပဲ။ သိပ်ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ကျနော် အကယ်ဒမီလည်း မမျှော်မှန်းထားပါဘူး။ ပိုက်ဆံရလို့သာ ကားရိုက်လိုက်တာ။ ရမယ်လည်း ကျနော် မထင်ဘူး။ အကယ်ဒမီကို ကျနော် သိပ်စိတ်မဝင်စားဘူး။ ထူးခြားတဲ့ဇာတ်ကွက် မရှိပါဘူး။ လူရိုင်းကားဖြစ်တဲ့အတွက်ကြောင့် ဝတ်စားဆင်ယင်မှုတခုတော့ နည်းနည်း တမျိုးဖြစ်သွားတာပေါ့နော်။ အဲဒီလောက်ပါပဲ။ သရုပ်ဆောင်တဲ့အပိုင်းက သိပ်ပြီးတော့ ဘာမှ အခက်အခဲမရှိပါဘူး။ ကျနော် အကယ်ဒမီ ရင်မခုန်တာတော့ ကြာပြီ။ ရောဂါဖြစ်မှာစိုးလို့။ ရခဲ့လည်း မယူပါဘူး။”