DVB Logo
Home
မြန်မာသတင်း
ရခိုင်သမိုင်း​သု​တေသီ ရမ္မာဝတီ အရှင်ပညာစာရကို ပြန်လွှတ်​ပေး​ရန် ​တောင်း​ဆို
DVB
·
December 31, 2011
ရခိုင်သမိုင်း​သု​တေသီ ရမ္မာဝတီ အရှင်ပညာစာရကို ပြန်လွှတ်​ပေး​ရန် ​တောင်း​ဆို
Donate to DVB

သရက်​ထောင်မှာ အကျဉ်း​ကျ ခံ​နေရတဲ့​ ရခိုင်စာ​ပေနဲ့​ သမိုင်း​သု​တေသီ ရမ္မာဝတီ အရှင်ပညာစာရ လွတ်​မြောက်​ရေး​အတွက် ​တောင်ကုတ်မြို့​မှာရှိတဲ့​ ရခိုင် တိုင်း​ရင်း​သား​တွေက လက်မှတ်​ရေး​ထိုး​ ​တောင်ဆို လိုက်ကြပါတယ်။

[caption id="attachment_19417" align="alignleft" width="220" caption="ရမ္မာဝတီ အရှင်ပညာစာရ(ဓာတ်ပုံ-နိရဉ္စရာ)"][/caption]

တောင်ကုတ်မြို့​က ဓမ္မဝိဟာရ​ကျောင်း​တိုက်မှာ စ​နေ​နေ့​မနက်က ကျင်း​ပတဲ့​ ရခိုင်ထီး​နန်း​နဲ့​ ဘုရင့်​နိုင်ငံ ကျဆုံး​ခြင်း​ ၂၂၇ နှစ်​မြောက် အထိမ်း​အမှတ် ​အောက်​မေ့​ဖွယ် အခမ်း​အနား​မှာ ရခိုင်ဆရာ​တော် ရမ္မာဝတီပညာစာရ လွတ်​မြောက်​ရေး​အတွက် ရခိုင်တိုင်း​ရင်း​သား​တွေက သမ္မတ ဦး​သိန်း​စိန်အစိုး​ရကို လက်မှတ်​ရေး​ထိုး​ ​တောင်း​ဆိုလိုက်တာပါ။

ဒီလို​တောင်း​ဆိုရခြင်း​နဲ့​ ပတ်သက်ပြီး​ ရခိုင်လူသား​ချင်း​ စာနာမှု အ​ထောက်အကူပြု ကွန်ရက် ယာယီ ဆက်သွယ်​ရေး​တာဝန် ကိုမိုး​နိုင်စိုး​က ဒီဗွီဘီကို ခုလို​ပြောပါတယ်။

“ရခိုင်တိုင်း​ရင်း​သား​တွေ အ​နေနဲ့​ ကိုယ့်​သမိုင်း​ ကိုယ့်​စာ​ပေ၊​ ကိုယ့်​ယဉ်​ကျေး​မှု၊​ တချိန်တုန်း​က ကိုယ့်​လူမျိုး​တွေ ဘယ်လို ဖြစ်ခဲ့​တယ်။ ဘယ်လို​နေခဲ့​တယ်။ ဒါကို ရခိုင်မျိုး​ဆက်သစ်လူငယ်​တွေ အမှတ်ရ​စေဖို့​ ကျ​နော်တို့​ ဒီအခမ်း​အနား​ကို ကျင်း​ပရခြင်း​ ဖြစ်ပါတယ်။ ​နောက်ပြီး​တော့​ ရခိုင်သမိုင်း​သု​တေသီ ရမ္မာဝတီပညာစာရ အကျဉ်း​ထောင်အတွင်း​မှာ ရှိ​နေတယ်။ သူဟာ ရခိုင်သမိုင်း​သမိုင်း​တွေကို သု​တေသန ပြုစု​နေတဲ့​ ဆရာ​တော် တပါး​ ဖြစ်ပါတယ်။ သူရဲ့​ လွတ်​မြောက်​ရေး​အတွက်လည်း​ တရက်တည်း​ ကျင်း​ပရခြင်း​ ဖြစ်ပါတယ်။”

ဆရာ​တော် အရှင်ပညာစာရဟာ ပြည်တွင်း​ပြည်ပက တက္ကသိုလ်​တွေက စာတမ်း​ပြုစုသူ​တွေအတွက် ရခိုင်စာ​ပေနဲ့​ သမိုင်း​ အစစ်အမှန်​တွေ သိရ​အောင် ကူညီညွှန်ပြ​ပေး​သူဖြစ်ပြီး​ စွန့်​ပစ်ခံ မိဘမဲ့​က​လေး​ငယ်​တွေ အတွက်လည်း​ မိဘမဲ့​ဂေဟာ ဖွင့်​လှစ် ​စောင့်​ရှောက်​ပေး​ခဲ့​သူ ဖြစ်ပါတယ်။

ဆရာ​တော်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လက စစ်​တွေမြို့​က မဟာမုနိဗုဒ္ဓဝိဟာရ ​ကျောင်း​မှာ အာဏာပိုင်​တွေက ဖမ်း​ဆီး​ခဲ့​ပြီး​ သာသနာ​တော်ညိုး​နွမ်း​စေမှု၊​ နိုင်ငံခြား​ငွေလဲလှယ်​ရေး​ဥပ​ဒေ၊​ စည်ပင်ဥပ​ဒေ စတဲ့​ ပြစ်မှု​တွေနဲ့​ ​ထောင်ဒဏ် ၈ နှစ်​ကျော် ချမှတ်ခဲ့​ရတဲ့​အတွက် သရက်​ထောင်မှာ အကျဉ်း​ကျခံ​နေရတာပါ။

ဆရာ​တော်ကို ဖမ်း​ဆီး​ပြီး​နောက် ဆရာ​တော်စု​ဆောင်း​ထား​တဲ့​ ရခိုင် ​ရှေး​ဟောင်း​ အ​မွေအနှစ်​တွေကို အာဏာပိုင်​တွေက သိမ်ဆည်း​ထား​ပြီး​ ဆရာ​တော်ရဲ့​ ​ကျောင်း​နဲ့​ မိဘမဲ့​ဂေဟာကိုလည်း​ ချိတ်ပိတ်ပစ်ခဲ့​ပါတယ်။

ဂျပန်​ရောက် ရခိုင်တိုင်း​ရင်း​သား​တွေက​တော့​ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်​နေ့​မှာ ကျ​ရောက်တဲ့​ ၂၂၇ နှစ်​မြောက် ရခိုင်ဘုရင့်​နိုင်ငံ​တော် ကျဆုံး​တဲ့​ အထိမ်း​အမှတ်​နေ့​မှာ ဆရာ​တော်ကို အ​မေရိကန် ​ဒေါ်လာ ၁၀၀၀ နဲ့​ "ရက္ခိတမျိုး​စောင့်​ဆု” ချီး​မြှင့်​ကြောင်း​ ​ကြေညာထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013