ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 10, 2017
ဖရဲသီး
မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတဲ့ ဖရဲသီး ၈၅၅ က ၁ တန်ကို ငွေကျပ် ၉၆၀၀၀ ထိ ဈေးမြင့်တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ တန်ကို ၄၂၂၄၀၀ ကျပ် ရှိနေပါတယ်။
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပြည်ပကို အဓိကတင်ပို့နေတဲ့ မတ်ပဲကတော့ ဈေးဆက်လက်တက်နေပြီး ဒီနေ့မှာ ငွေကျပ် ၃၂၀၀၀ ထိဈေးတက်လာပါတယ်။ ဒီနေ့ ပေါက်ဈေးကတော့ ၁၁၄၂၀၀၀ ပေါက်ဈေး ရှိနေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းဟာလည်း ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၂၀၀၀ ပေါက်ဈေးရှိနေပြီး ၃၅ ကျပ် ဈေးတက် လာပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ဈေးအနည်းငယ်ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၇၈၉၀၀၀ရှိပြီး ငွေကျပ် ၇၀၀၀ ဈေး ကျသွားပါတယ်။
ကုလားပဲလုံး
ကုလားပဲလုံးကလည်း ဈေးဆက်တိုက် ကျဆင်းနေပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁၉၄၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ် ဈေးကျ ဆင်းသွားပါတယ်။ ၁ ပတ်အတွင်း ငွေကျပ် ၂၀၀ နီးပါး လောက် ဈေကျသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီ ကတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၁,၁၀၀ ရှိနေပြီး ၇၅ ကျပ်ဈေး ကျသွားပါတယ်။
ပဲပုတ်(ဗမာ)
မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ) ဟာ ၁ အိတ်ကို ငွေကျပ် ၃၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက် ဈေးက ငွေကျပ် ၆၀၀၀၀ ရှိပါတယ်။
မကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မကျည်းတောင့်ဟာ ၁ ပိဿာကိုငွေကျပ် ၁၅၀၀ ကျပ် ပေါက်ဈေး ရှိပြီး ငွေကျပ် ၇၀ ကျပ်ဈေးတက် လာပါတယ်။ ၁ ပတ်အတွင်း ငွေကျပ် ၁၀၀ ရာကျော်လောက် ဈေးတက်တာပါ။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA