Home
အနုပညာ
သင်ဇာဝင့်ကျော်ရဲ့ အကယ်ဒမီ ရင်ခုန်သံ (ရုပ်သံ)
DVB
·
March 10, 2017
ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးတဲ့ ‘ခိုးဆိုးလုနှိုက်’ ရုပ်ရှင်ဇာတ်ကားကြီးဟာ အကယ်ဒမီ ဆန်ကာတင်စာရင်းဝင် ဇာတ်ကားတွေထဲမှာ ပါဝင်နေပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အကယ်ဒမီရင်ခုန်သံနဲ့ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ရုပ်အကြောင်းကို မင်းသမီး သင်ဇာဝင့်ကျော်က ဒီဗွီဘီကို ပြောပြထားပါတယ်။ “ဇာတ်ရုပ်ကာရိုက်တာကတော့ နှင်းဆီပေါ့နော်။ သူက ရပ်ကွက်ထဲမှာနေတဲ့ ကောင်မလေး။ အဖေက ရပ်ကွက်ထဲမှာနေတယ် ဆိုပေမယ့် အရမ်းဆင်းရဲကြီးလည်း မဟုတ်ဘူးပေါ့။ အဖေက လူဆိုး၊ တပည့်တပန်းတွေ မွေးပြီးတော့ မကောင်းတဲ့ စီးပွားရေးလုပ်စားတဲ့ လူတယောက်ပေါ့နော်။ ကိုရဲအောင်ပေါ့။ ကိုယ့်ကာရိုက်တာကတော့ အစတုန်းက ရိုးရိုး သာမန် မိန်းကလေးတယောက်ပါပဲ။ မြင့်မြတ်တို့အဖွဲ့၊ သူတို့က ကျူးကျော်တဲမှာနေတယ်။ ခိုးဆိုးလုနှိုက်ပေါ့။ ခါးပိုက်နှိုက်တယ်၊ ပစ္စည်းခိုးတယ်၊ လိမ်တယ်။ အဲဒီလိုမျိုးတွေ ဖိုးတွမ်တီးတွေလုပ်ပြီးမှ အသက်မွေးနေတဲ့ လူတွေပေါ့နော်။ အဲဒီထဲက တယောက်နဲ့ ကိုယ်က ကြိုက်မိပြီးတော့ အဖေကလည်း သဘောမတူဘူး။ အဲဒီလိုမျိုး ဖြစ်သွားတဲ့ ဇာတ်လေးပေါ့။ တကယ်တမ်း အဲဒီဇာတ်လမ်း ရတဲ့အချိန်မှာ အဲဒီလောက်ကြီး လုပ်ကွက်ရမယ်လို့ မထင်ခဲ့မိဘူး။ ဒါပေမယ့်လည်း သရုပ်ဆောင်ကြည့်တဲ့အခါ နောက်ဆုံးအခန်းက သင်ဇာ့အတွက် တကယ်ကို လုပ်ကွက်ရပါတယ်။ အဲဒီအတွက်ကြောင့်မို့လည်း အဲဒီလိုမျိုး လုပ်ကွက်ရအောင် ဖန်တီးပေးတဲ့ ကိုစတီးလ်ကို အများကြီး ကျေးဇူးတင်ပါတယ်။ ကိုယ်ကတော့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားတာပေါ့နော်။ အကျိုးရလဒ်ကတော့ ဘယ်လိုဖြစ်လာမလဲ မသိဘူး။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုတွေ အကုန်လုံးကို ပရိသတ်တွေလည်း ကြိုက်ကြပါတယ်။ အကုန်လုံးလည်း အားရကြပါတယ်။ အကယ်ဒမီ ရင်ခုန်သံကတော့ ကိုယ့်ကားပါတယ်ဆိုတော့ ရင်တော့ခုန်တယ်ပေါ့နော်။ ဒါပေမယ့် အရမ်းကြီးလည်း မမှန်းရဲပါဘူး။ ရခဲ့ရင်လည်း အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024