ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ ၁ ရက် ကျင်းပမည်
DVB
·
December 30, 2011
ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၂၀၁၂ခုနှစ် ဧပြီ ၁ ရက်မှာ ပြုလုပ်မှာ ဖြစ်ပြီးနေပြည်တော်ကော်မရှင်က ပြည်နယ်တိုင်းဒေသကြီး ကော်မရှင်ရုံးတွေထံ စာပို့ အကြောင်းကြားလိုက်တယ်လို့ အမည်မဖော်လိုတဲ့ တိုင်းဒေသကြီး ကော်မရှင်လူကြီး တဦးက ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်ညပိုင်းမှာ အစိုးရသတင်းဌာနတွေက သတင်းထုတ်ပြန်ဖွယ် ရှိတယ်လို့လည်း ပြောပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထားပြီး ကော်မရှင်ကို ပေးပို့ရမယ်လို့ အဲဒီ ကော်မရှင်လူကြီးက ဒီဗွီဘီကို ပြောပါတယ်။










