ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၂ နှစ်ပြည့် ကျင်းပပြုလုပ်

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို လက်ပံတန်းမြို့နယ် အောင်မြေဗိမာန်ကျောင်းတိုက်မှာ ဒီနေ့ မနက် ၁၀ နာရီ ၁၀ မိနစ် အချိန်က ကျင်းပပြုလုပ်နေပါတယ်။ အကြမ်းဖက်ဖြိုခွင်းခံရတာ ၂ နှစ်ပြည့်တဲ့ အခမ်းအနားကို ကျောင်းသားတွေ နောက်ဆုံးစခန်းချခဲ့ပြီး အကြမ်းဖက် ဖြိုခွင်းရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ လက်ပံတန်းမြို့က အောင်မြေဗိမာန် ကျောင်းတိုက်မှာ ဗ.က.သ အဖွဲ့များ၊ ဝန်းရံပြည်သူများ၊ ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဝန်းရံသံဃာတော်များ ဖြင့် ကျင်းပခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းအား လက်ပံတန်းမြို့မှ ရန်ကုန်မြို့ကို ဆက်လက်ချီတက်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပြီး ကျောင်းသားနဲ့ ဝိုင်းရံ ပြည်သူ ၁၀၀ ကျော် သာယာဝတီထောင်မှာ ဖမ်းဆီးခံခဲ့ပြီး ယခုအချိန်ထိ ကျောင်းသားသပိတ်ကိစ္စနှင့် ဆက်စပ်အမှုများအား မင်းလှတရားရုံးတွင် အမှုရင်ဆိုင်မှုများလည်းရှိနေပါသေးတယ်။ သတင်းဓာတ်ပုံ – ဝဏ္ဏထွန်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up