DVB Logo
Home
မြန်မာသတင်း
မြန်မာသတင်းသမားများ လွတ်မြောက်ရေး ဖိအားပေးရန် ကုလကို တောင်းဆိုမည်
DVB
·
December 30, 2011
မြန်မာသတင်းသမားများ လွတ်မြောက်ရေး ဖိအားပေးရန် ကုလကို တောင်းဆိုမည်
Donate to DVB

မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို လွှတ်ပေးဖို့အတွက် ကုလသမဂ္ဂကနေတဆင့်  အစိုးရကို ဖိအားပေးဖို့ လုပ်ဆောင်မယ်လို့ အရှေ့တောင်အာရှ သတင်းမဟာမိတ်အဖွဲ့ (SEAPA) က ပြောပါတယ်။

[caption id="attachment_19398" align="alignleft" width="310" caption="အကျဉ်းကျ သတင်းသမားများ​"][/caption]

SEAPA က ဒေသတွင်း အဖွဲ့အစည်းတခု ဖြစ်တာနဲ့အညီ အကျဉ်းကျခံနေရတဲ့ သတင်းသမား ၁၁ ဦး  လွတ်မြောက်လာရေးအတွက် ကုလသမဂ္ဂကနေ မြန်မာ အစိုးရကို ဖိအားပေး ဆောင်ရွက်သွားမယ်လို့ SEAPA အမှုဆောင် ညွန်ကြားရေးမှူး Gayathry Venkiteswaran က ပြောကြားလိုက်တာပါ။

“ဒေသတွင်း ရှေ့နေတွေနဲ့​ ​မြန်မာပြည်တွင်းက ရှေ့နေတွေကိုလည်း သတင်းသမား ကိစ္စအတွက်​ ​ထောက်ခံကူညီ တိုက်ပွဲဝင်ဖို့ ကျမတို့ အားပေးချင်ပါတယ်။ ဒီကိစ္စကတော့ စိန်ခေါ်မှုတချို့ရှိနေပေမယ့် ကျမတို့ လုပ်ချင်ပါတယ်။ ဒါပေမယ့် ဒေသတွင်း အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စကို ကုလသမဂ္ဂ အဆင့်ထိကို တင်ပြပြီးတော့ မြန်မာအစိုးရကို ဖိအားပေးဖို့ မျှော်လင့်ပါတယ်။”

ဒီကိစ္စကို ကုလသမဂ္ဂရဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်ကိုလည်း ဒီနှစ်ထဲ တင်ပြခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က SEAPA ရဲ့ ထုတ်ပြန်ချက်မှာတော့ အောက်တိုဘာလမှာ မြန်မာအစိုးရက ပြန်လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀ လောက်မှာ  စာရေးဆရာ ၅ ယောက်လောက် ပါဝင်ခဲ့ပေမယ့် အကျဉ်းထောင်ထဲမှာ ဗွီဒီယို ဂျာနယ်လစ်နဲ့ သတင်းသမား နောက်ထပ် ၁၁ ယောက်ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်ကို အပြင်က သတင်းမီဒီယာတွေ အပါအ၀င် နိုင်ငံတွင်းက သူတို့ရဲ့ ကွန်ရက်ကနေ တဆင့် အတည်ပြုနိုင်တာဖြစ်ပေမယ့်  ဒီထက်ပိုများနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“တချို့တွေကလည်း တိတ်တဆိတ်နဲ့ သတင်းသမား လုပ်ဆောင်နေတာတွေကလည်း ရှိနေတော့ အတည်ပြုချက် ရယူနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ သတင်းသမား တွေရှိမယ်ဆိုတာကတော့ ယုံကြည်ပါ” လို့ မစ္စ   Gayathry Venkiteswaran က ပြောသွားတာပါ။

SEAPA က ထောက်ပြထားတဲ့ ထိန်းသိမ်းခံ မြန်မာသတင်းနဲ့ စာနယ်ဇင်းသမား ၁၁ဦးကတော့  ဓာတ်ပုံ သတင်းထောက် သန့်ဇင်အောင်၊  ကဗျာဆရာ မင်းဟန်၊ ဘလော့ဂ်ဂါ နေဘုန်းလတ်၊ ကန္တာရ၀တီတိုင်း အယ်ဒီတာ ညီညီထွန်း၊ သတင်းထောက် ဇေယျာဦး၊ အားကစား ကလောင်ရှင် ဇော်သက်ထွေးနဲ့ ဒီဗွီဘီ သတင်းထောက်တွေဖြစ်တဲ့ မလှလှဝင်း၊ ကိုငွေစိုးလင်း၊ ဂီတသမား ကိုဝင်းမော်၊ ဓာတ်ပုံ သတင်းထောက် စည်သူဇေယျ၊ စာရေး ဆရာဦးဇေယျတို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013