ကာချုပ်ကို သင်္ကြန်မိုးသီချင်း တီးခတ်ဖျော်ဖြေခဲ့ကြသည့် ဗီယက်နမ်လှပျိုဖြူ လေးများ (ရုပ်သံ)
DVB
·
March 10, 2017
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေး အလည်အပတ်သွားရောက်ချိန်မှာ ဗီယက်နမ်လှပျိုဖြူတွေက ဗီယက်နမ်ရိုးရာတီးဝိုင်းနဲ့ သင်္ကြန်မိုးသီချင်းကို တီးခတ်ဖျော်ဖြေခဲ့ပါတယ်။
မတ်လ ၆ ရက်နေ့မှာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးက တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့ချိန်မှာ ခုလိုဖျော်ဖြေခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ဗီယက်နမ် လေကြောင်းရန်ကာကွယ်ရေးနှင့် လေတပ်ဌာနချုပ်၊ စစ်ဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ တွေကို သွားရောက်လေ့လာခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။