DVB Logo
Home
မြန်မာသတင်း
၇ လအတွင်း​ ​ကေအိုင်အိုစခန်း​ ၆ ခု ​နောက်ဆုတ်​ပေး​ခဲ့​ရ
DVB
·
December 30, 2011
၇ လအတွင်း​ ​ကေအိုင်အိုစခန်း​ ၆ ခု ​နောက်ဆုတ်​ပေး​ခဲ့​ရ
Donate to DVB

အခုနှစ် ဇွန်လကစပြီး​ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရ ဖြစ်ပွား​ခဲ့​တဲ့​ တိုက်ပွဲ​တွေ အတွင်း​မှာ ကချင်လွတ်​မြောက်​ရေး​အဖွဲ့​ (​ကေအိုင်အို)ရဲ့​ တပ်စခန်း​ ၆ ခုကို အစိုး​ရတပ်​တွေက သိမ်း​ယူခဲ့​တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

ကေအိုင်အို​ပြောခွင့်​ရ ဦး​လနန်း​က “သိမ်း​ပိုက်လိုက်တဲ့​စခန်း​တွေက​တော့​ တပ်မဟာ ၄ ဘက်မှာ စခန်း​က ၃ ခု​လောက်ပါမယ်။ တပ်မဟာ ၃ ဘက်မှာ ၃ ခု​လောက်ပါမယ်။ အား​လုံး​ ၆ ခု​လောက်ရှိမယ်။ သူတို့​ကလည်း​ အဲဒီစခန်း​တခုကို ဝင်နိုင်ဖို့​အတွက် အနည်း​ဆုံး​ ၁၀၀ ပတ်ဝန်း​ကျင်​တော့​ အသက်စွန့်​ရတယ်ဗျ။”

အခုလ ၂၄ ရက်​နေ့​ကစပြီး​ ရှမ်း​ပြည်နယ် မိုင်း​တုံမြို့​မှာရှိတဲ့​ ​ကေအိုင်အို တပ်မဟာ ၄ လက်​အောက်ခံတပ်ရင်း​ ၈ စခန်း​ကို အစိုး​ရက အင်အား​ ၃၀၀ ​လောက်နဲ့​ ထိုး​စစ်ဆင်တိုက်ခိုက်ခဲ့​တဲ့​အတွက် ၂၈ ရက်​နေ့​မှာ ဖယ်​ပေး​လိုက်ရတယ်လို့​ ဆိုပါတယ်။

အစိုး​ရတပ်​တွေက တပ်ရင်း​ ၈ ကို ထိုး​စစ်ဆင် တိုက်ခိုက်ရတဲ့​ အ​ကြောင်း​အရင်း​နဲ့​ ပတ်သက်လို့​ ဦး​လနန်း​က အခုလို ​ပြောပါတယ်။

“သူတို့​ ထိုး​စစ်ဆင်တဲ့​ ကိစ္စတခုက​တော့​ သဘာဝပိုက်လိုင်း​ကလည်း​ အဲဒီလမ်း​ကြောင်း​မှာ ဖြတ်သွား​ဖို့​ရှိတယ်ခင်ဗျ။ ​ရေနံပိုက်လိုင်း​ပေါ့​နော်။ အဲဒီကိစ္စကလည်း​ ပါမယ်ထင်တယ်။ စစ်ဆင်​ရေး​ လုပ်ထား​တာ။ သူတို့​ ​ပြော​နေတာ စစ်မှန်တဲ့​ ပြည်​ထောင်စုလို့​လည်း​ ​ပြော​နေတယ်။ အစိုး​ရအ​နေနဲ့​ နိုင်ငံ​ရေး​ ရည်ရွယ်ချက်မှာ စစ်မှန်တဲ့​ ပြည်​ထောင်စုဆိုတာလည်း​ ရှိပုံမရဘူး​။ အဲဒီအချက်​တွေ​ကြောင့်​ပဲ သူတို့​ ​ကေအိုင်​အေကို ပျက်သုဉ်း​သွား​အောင် ထိုး​စစ်ဆင်တဲ့​သ​ဘောလို့​ မှတ်ယူလို့​ ရတယ်။”

ကေအိုင်အိုနဲ့​ အစိုး​ရတပ်အကြား​ ဒီဇင်ဘာလဆန်း​ပိုင်း​မှာ ကချင်ပြည်နယ် ဗန်း​မော်၊​ ဝိုင်း​မော်၊​ မိုး​မောက်နဲ့​ ရှမ်း​ပြည်နယ် မိုင်း​တုံမြို့​နယ်​ဒေသ ​တွေမှာ ​နေ့​စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွား​နေပြီး​ မ​နေ့​တုန်း​ကလည်း​ တိုက်ပွဲ ၇ ခု ဖြစ်ပွား​တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

အစိုး​ရရဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​အဖွဲ့​က တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှု​တွေ ဆက်တိုက် ပြုလုပ်​နေချိန်မှာ ​ကေအိုင်အိုနဲ့​ တိုက်ပွဲ​တွေ ဖြစ်ပွား​နေတာပါ။

ကချင်ပြည်နယ်မှာ တိုက်ပွဲ​တွေကို ရပ်ထား​ဖို့​ သမ္မတ ဦး​သိန်း​စိန်က ဒီဇင်ဘာ ၁ဝ ရက်​နေ့​ကတည်း​က ကာကွယ်​ရေး​ ဦး​စီး​ချုပ်ရုံး​ကို ညွှန်ကြား​ထား​တဲ့​ကြား​က တိုက်ပွဲ​တွေ ဆက်ဖြစ်​နေတာပါ။

အစိုး​ရ ငြိမ်း​ချမ်း​ရေး​အဖွဲ့​တွေနဲ့​ ​ကေအိုင်အိုတို့​အကြား​ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလကုန်ပိုင်း​က တရုတ်နိုင်ငံမှာ ​နောက်ဆုံး​ ​တွေ့​ဆုံခဲ့​ပေမယ့်​ အပစ်ရပ်​ရေး​ အတွက် အ​ဖြေတစုံတရာ မရရှိခဲ့​ပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013