Home
မြန်မာသတင်း
ဒေါက်တာစင်သီယာမောင် ၂၀၁၇ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာဆုရရှိ
DVB
·
March 9, 2017
      ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည်တွေကို နှစ်ပေါင်း ၃၀ နီးပါး ဆေးဝါးကုသစောင့်ရှောက်မှုတွေပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ကို   Baptist World Alliance (BWA)  အဖွဲ့က ၂၀၁၇ ခုနှစ် Denton and Janice Lotz  လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။     ဒီဆုဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းအရ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ပေးနိုင်မှုအတွက် ထူးထူးခြားခြား စွမ်းဆောင်ရည် ပြည့်ဝသူတွေကို ပေးအပ်လေ့ရှိတဲ့ ဆုတဆုဖြစ်ပါတယ်။ ဒီဆုကို လာမယ့် ဇူလိုင် ၂ ရက်ကနေ ၇ ရက်အထိ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့နှစ်ခြင်း ခရစ်ယာန်ဘာသာရေးအဖွဲ့တခုဖြစ်တဲ့   Baptist World Alliance (BWA)ရဲ့ နှစ်ပတ်လည်  တွေ့ဆုံပွဲ အခမ်းအနားမှာ ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဒေါက်တာ စင်သီယာမောင်ဟာ ထိုင်း-မြန်မာနယ်စပ်မြို့ တမြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ စစ်ဘေးရှောင်  ဒုက္ခသည်တွေအတွက် ဆေးခန်းဖွင့်လှစ် ကုသပေးနေသူတဦး ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ ၁၉၉၉ ခုနှစ်မှာ ဂျိုနသန်မန်းဆု၊ ၂၀၀၂ ခုနှစ်မှာ ရေမွန် မက်ဆေးဆေးဆု၊ ၂၀၁၃ ခုနှစ်မှာ ဆစ်ဒနီငြိမ်းချမ်းရေးဆု၊ ၂၀၁၅ ခုနှစ်မှာ the South Korean POSCO TJ Park Prize တွေကို ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ တိုင်းမ်မဂ္ဂဇင်းရဲ့ အာရှသူရဲကောင်းများထဲက တဦးအဖြစ် ဖော်ပြခြင်း ခံခဲ့ရတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024