Home
မြန်မာသတင်း
ဆက်ဆံရေးမကောင်းသည့် အစိုးရရုံးများကို ထိန်းသိမ်းကြပ်မတ်ပေးရန်လွှတ်တော်၌ အဆိုတင်
DVB
·
March 8, 2017
အစိုးရရုံးတွေက အကြောင်းပြချက် မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန် ထိန်းသိမ်းကြပ်မတ်ပေးဖို့ လိုအပ်တဲ့အရေးယူမှု အမိန့်ဥပဒေတွေ ချမှတ်ပေးဖို့ အစိုးရကိုတိုက်တွန်းတဲ့ အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။ ကလေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းတဲ့ အဂတိလိုက်စားမှု ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထု ဆက်ဆံရေးပြေပြစ်ရန် အစိုးရရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန် အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်တဲ့အရေးယူမှု အမိန့် ဥပဒေတွေ ချမှတ်ပေးပါရန် နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်းအဆိုနဲ့ ပတ်သတ်ပြီး သဘောမတူသူမရှိတဲ့အတွက် အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ် လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အဆိုကို ထောက်ခံဆွေးနွေးတဲ့အခါမှာ အဆိုရဲ့ ရည်ရွယ်ချက်နဲ့ ကွဲလွဲပြီး မဆိုင်တဲ့ အကြောင်းအရာတွေကို ထည့်သွင်း မဆွေးနွေးကြဖို့ကိုလည်း လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ညွှန်ကြားခဲ့ပါတယ်။ “ကျနော့်ကိုယ်စားလှယ်တွေကို ခဏခဏလည်း ပြောပါတယ်။ အဆိုကို ထောက်ခံဆွေးနွေးတဲ့ အခါ အဆိုရဲ့ ရည်ရွယ်ချက်၊ ဆိုလိုရင်းနဲ့ခွဲတဲ့ အကြောင်းအရာတွေကို ထည့်သွင်း မဆွေးနွေးဖို့လိုပါတယ်။ အဲလိုထည့်သွင်းဆွေးနွေးလိုက်တဲ့ အခါမှာ အဆိုရဲ့ ရည်ရွယ်ချက်တွေေ ပျောက်ပြီး ဦးတည်ချက်တွေ လွဲချော်သွားစေပါတယ်"လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆိုပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မေးခွန်း ၆ ခုမေးမြန်းခဲ့ပြီး အဆိုတခု တင်သွင်းခဲ့သလို အဆိုတခုကိုတော့ ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးခဲ့ ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024