ယာဉ်လေးစီး ဆင့်တိုက်မှုကြောင့် ကလေး ၂ ဦး ဒဏ်ရာရ
DVB
·
March 7, 2017
လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းနဲ့ ဝါးတန်းလမ်းထောင့်အနီးမှာ ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်က ကားဆွဲကရိန်းကားနဲ့ အိမ်စီး ဆူဇူကီးယာဉ်တို့ တိုက်မိခဲ့ပြီး အခြား ယာဉ် ၂ စီးပါ ထပ်မံတိုက်မိခဲ့ကာ ယာဉ်လေးစီး ဆင့်တိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် အိမ်စီးယာဉ်ပေါ်က အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦးနဲ့ အသက် ၉ နှစ်အရွယ်ရှိ ယောက်ျားလေးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်