A d v e r t i s e m e n t With Us

စစ်တပ်ကား​ဖြင့်​ တိုက်မိပြီး​ ၇ နှစ်အရွယ် က​လေး​တဦး​ ​သေဆုံး

ပဲခူး​တိုင်း​ ​ဘောနက်ကြီး​အ​ခြေစိုက် တပ်ရင်း​တခုရဲ့​ စစ်ကား​တစ်စီး​က ​ကျောင်း​ကပြန် လာတဲ့​ က​လေး​ငယ် ၃ ဦး​ကို ဝင်တိုက်တဲ့​အတွက် အသက် ၇ နှစ်အရွယ် က​လေး​ငယ် ​သေဆုံး​ခဲ့​ပြီး​ ကျန်နှစ်ဦး​ ဒဏ်ရာ အပြင်း​အထန် ရရှိခဲ့​ပါတယ်။ သေဆုံး​သွား​တဲ့​က​လေး​ငယ်ဟာ ဒုတိယတန်း​ကျောင်း​သား​ ​မောင်ထက်​ဝေဖြိုး​ဖြစ်ပြီး​ က​လေး​ငယ်​တွေဟာ ​ဘောနက်ကြီး​ရွာမှာ ​နေထိုင်ကြတာပါ။ အခုလ ၁၉ ရက်​နေ့​က ဘုရား​ကြီး​ရွာက အထက်တန်း​ကျောင်း​မှာ ​ကျောင်း​တက်ပြီး​အပြန် ကား​တိုက်ခံရပြီး​ ​သေဆုံး​ခဲ့​တာလို့​ က​လေး​ငယ်မိသား​စုနဲ့​ နီး​စပ်သူတဦး​က ​ပြောပါတယ်။ “သူ့​ရဲ့​ မိဘ​တွေက​တော့​ ကို​ကျော်​ဌေး​၊​ မစန္ဒာဝင်း​တို့​။ သူတို့​က ​ဘောနက်ကြီး​ရွာမှာ​နေတာ။ ဘုရား​ကြီအထကမှာ ​ကျောင်း​လာတက်ပြီး​ အပြန် ​ကျောင်း​သား​လေး​တွေကို ကား​နဲ့​ ဝင်တိုက်လိုက်တာ ​ကျောင်း​သား​လေး​ တ​ယောက်က​တော့​ ပွဲချင်း​ပြီး​ ​သေသွား​တယ်။ နှစ်​ယောက်က​တော့​ လက်ရှိ ​ဆေး​ရုံတင်ထား​ရတယ်။ အရမ်း​မောင်း​တယ် မထင်ရင် မထင်သလို စစ်တပ်က ကား​တွေက။” ကား​တိုက်​သေဆုံး​သွား​တဲ့​ က​လေး​ငယ်ကို တပ်က​နေပြီး​ ​လျော်​ကြေး​အ​နေနဲ့​ ကျပ်​ငွေတသိန်း​ပေး​ခဲ့​ပြီး​ ဒဏ်ရာရ သူ​တွေကို ဘာမှ ကူညီတာမရှိဘူး​လို့​ သိရပါတယ်။ ကျန်နှစ်ဦး​ဟာ ၁၀ ​ကျော်သက်အရွယ်​တွေဖြစ်ပြီး​လက်ရှိ ပဲခူး​ဆေး​ရုံမှာ ကုသမှု ခံယူ​နေရပါတယ်။ ဆေး​ရုံတင်ထား​ရတဲ့​ က​လေး​ငယ်တွဟာ ဒဏ်ရာပြင်း​ထန်ပြီး​ စိုး​ရိမ်ရတယ်လို့​ဒေသခံတဦး​က ​ပြောပါတယ်။ အမှုဖြစ်ပွား​လို့​ ​ဘောနက်ကြီး​ရွာ ရဲစခန်း​က တရား​လိုလုပ် တိုင်ကြား​ထား​ပြီး​ တပ်သား​တဦး​ကို ဖမ်း​ဆီး​ထား​တယ်လို့​ ဆိုပါတယ်။ ဒါ​ပေမယ့်​ ဖမ်း​ဆီး​ထား​တဲ့​ တပ်သား​ဟာ ကား​မောင်း​သူမဟုတ်ဘဲ ကား​မောင်း​သူရဲ့​တပည့်​ တပ်သား​တဦး​ ဖြစ်​နေတယ်လို့​လည်း​ ​ဒေသခံ​တွေက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up