DVB Logo
Home
မြန်မာသတင်း
ထိုင်း​ကုမ္ပဏီများ​ မြန်မာနိုင်ငံတွင် ရင်း​နှီး​မြှုပ်နှံရန် စိတ်ဝင်စား
DVB
·
December 29, 2011
Donate to DVB

ထိုင်း​ဝန်ကြီး​ချုပ် မြန်မာနိုင်ငံ သွား​ရောက်ခဲ့​ပြီး​နောက် ထိုင်း​ကုမ္ပဏီ​တွေက မြန်မာနိုင်ငံမှာ ရင်း​နှီး​မြှုပ်နှံပြီး​ စီး​ပွား​ရေး​လုပ်ဖို့​ ပိုမို စိတ်ဝင်စား​နေကြတယ်လို့​ ထိုင်း​ကုန်သည်ကြီး​များ​အသင်း​က ​ပြောပါတယ်။

မြန်မာနိုင်ငံ သွား​ရောက်လုပ်ကိုင်လိုတဲ့​ ထိုင်း​ကုမ္ပဏီအများ​စုက​တော့​ ငါး​ဖမ်း​လုပ်ငန်း​၊​ အထည်ချုပ်နဲ့​ ဆန်စပါး​ လုပ်ငန်း​တွေ ဖြစ်တယ်လို့​ ထိုင်း​ကုန်သည်ကြီး​များ​အသင်း​က နိုင်ငံတကာ စီး​ပွား​ရေး​ မြှင့်​တင်​ရေး​ အရာရှိ ဆူရာနရတ်က ​ပြောပါတယ်။

“မြန်မာက ကျ​နော်တို့​နဲ့​ အိမ်နီး​နား​ချင်း​ပါ။ အရင်က ကျ​နော်တို့​နဲ့​ ပြဿနာ​တွေ အများ​ကြီး​ဖြစ်ခဲ့​ပေမယ့်​ ​ရွေး​ကောက်ပွဲ ကျင်း​ပပြီး​ ပွင့်​လင်း​လာတဲ့​ အချိန်မှာ​တော့​ ထိုင်း​က ရင်း​နှီး​မြှုပ်နှံလိုသူ​တွေက မြန်မာဟာ သယံဇာတနဲ့​ လူအရင်း​အမြစ်​တွေ​ကြောင့်​ သွား​ရင်း​နှီး​မြှုပ်နှံဖို့​ စိတ်ဝင်စား​တာ။”

ဒါ​ပေမယ် မြန်မာနိုင်ငံရဲ့​ အခွန်တင်း​ကျပ်တဲ့​ ပုံစံသစ်​တွေကိုလည်း​ ရှင်း​ရှင်း​လင်း​လင်း​ မသိ​သေး​သလို နိုင်ငံတကာစံနှုန်း​နဲ့​ မကိုက်ညီတဲ့​ လုပ်ထုံး​လုပ်နည်း​တချို့​ကလည်း​ ရင်း​နှီး​မြှုပ်နှံမှုအတွက် စွန့်​စား​မှုတခုဖြစ်တယ်လို့​ ဆိုပါတယ်။

“မြန်မာ​ငွေ​ကြေး​က​တော့​ အချိန်အ​တော်ကြာ​အောင် ပြဿနာရှိ​နေပါတယ်။ တကယ်လို့​ ​ငွေ​ကြေး​နဲ့​ ပတ်သက်ပြီး​ စနစ်သစ်တခု လုပ်​ဆောင်နိုင်မယ်ဆိုရင်​တော့​ ထိုင်း​-မြန်မာ ပို့​ကုန် သွင်း​ကုန်အတွက် ​ကောင်း​သွား​မှာပါ၊​ လုပ်ထုံး​လုပ်နည်း​တွေလည်း​ နိုင်ငံတကာစံနှုန်း​နဲ့​ မညီ​သေး​ပါဘူး​။ တခြား​အခက်အခဲက​တော့​ ပူး​ပေါင်း​ ​ဆောင်ရွက်တဲ့​နေရာမှာပါ၊​ မြန်မာပြည်က ရင်း​နှီး​မြှုပ်နှံသူနဲ့​ ​ဆောင်ရွက်ရာမှာ ဘယ်​လောက်ယုံကြည်ရသလဲ ဆိုတာကလည်း​ စွန့်​စား​မှုတခု ဖြစ်​စေတယ်။“

ထိုင်း​အစိုး​ရကလည်း​ မြန်မာနိုင်ငံမှာ သွား​ရောက်ရင်း​နှီး​မြုပ်နှံဖို့​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေကို တိုက်တွန်း​လျက်ရှိပါတယ်။

လတ်တ​လော အီတလျှံ-ထိုင်း​ ​ဆောက်လုပ်​ရေး​ကုမ္ပဏီကြီး​က မြန်မာနိုင်ငံ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​မှာလည်း​ ရင်း​နှီး​မြှုပ်နှံလုပ်ကိုင်​နေပါတယ်။ ဒါ့​အပြင် ထိုင်း​ဘဏ်​တွေဖြစ်တဲ့​ Krung Thai Bank (KTB) ဘဏ်နဲ့​ Siam Commercial Bank (SCB) ဘဏ်​တွေကလည်း​ မြန်မာပြည်မှာ ဘဏ်ခွဲ​တွေ သွား​ရောက်ဖွင့်​လှစ်ဖို့​ ​ခြေလှမ်း​ပြင်​နေပါတယ်။

ထိုင်း​နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်း​နှီး​မြှုပ်နှံထား​တဲ့​ နိုင်ငံ​တွေထဲမှာ တရုတ်နိုင်ငံပြီး​ရင် ဒုတိယအများ​ဆုံး​နိုင်ငံဖြစ်ပြီး​ အ​မေရိကန် ​ဒေါ်လာ ၉ဘီလီယံခွဲ​ကျော် ရင်း​နှီး​မြှုပ်နှံထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013