သီရိမန္တလာအဝေးပြေးဂိတ်ရှိ ခေါင်းရွက်ဈေးသည်များအတွက် ဈေးရောင်းချခွင့်ကတ် ထုတ်ပေး
Aung Aung Naing
·
March 6, 2017
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သီရိမန္တလာ ခရီးသည်တင်အဝေးပြေးယာဉ်ရပ်နား စခန်းမှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဈေးသည်တွေ လိုက်နာရမယ့် စည်းကမ်းချက် ၇ ချက် ထုတ်ပြန်ကာ ခေါင်းရွက်ဈေးသည်တွေ စည်းကမ်းတကျ ရောင်းချနိုင်ဖို့ ရည်ရွယ်ပြီး ဈေးရောင်းချခွင့်ကတ်ပြားတွေကို ထုတ်ပေးခဲ့ပါတယ်။
စည်းကမ်းထိန်းသိမ်းရေးကော်မတီကို အဖွဲ့ဝင် ၁၆ ဦးနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် ခရီးသွားပြည်သူတွေ သွားလာရာမှာ အနှောင့်အယှက်မရှိစေဘဲ စိတ်ချမ်းသာစွာ သွားလာနိုင်ရေးနဲ့ လုံခြုံရေးကို အဓိကထားပြီး အခုလို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
ဈေးသည်တချို့ရဲ့ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံနေတာတွေ ရှိသလို အတင်းအဓမ္မ လိုက်လံ ရောင်းချနေတာတွေ များလာလို့ အခုလို စည်ကမ်းချက်တွေထုတ်ပြီး ဈေးသည်တဦးချင်းစီကို ကတ်ပြားတွေ ထုတ်ပေးရတာဖြစ်တယ်လို့ စည်းကမ်းထိမ်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။