ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်တွင်း ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေကြောင့် မူလတန်းပြ ကျောင်းဆရာမတဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသွားသူဟာ လောင်အဲချီ အမကကျောင်းက မူလတန်းပြဆရာမ ဒေါ်ပြာမှီဖြစ်ပြီး ဒီကနေ့မနက် ၂ နာရီလောက်က ထိခိုက်သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
ဆရာမ ဒေါ်ပြာမှီရဲ့ လသားကလေးငယ်နဲ့ ကျန်ရစ်သူမိသားစုအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ထောက်ပံ့ကူညီသွားမယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။