A d v e r t i s e m e n t With Us

မင်္ဂလာ​တောင်ညွန့်​မီး​လောင်​ပေါက်ကွဲမှု ​နောက်ဆက်တွဲ မျက်မြင်​မေး​မြန်း​ချက်

ယမ်း​စိမ်း​ပုံမီး​ကူး​ပြီး​ ​ပေါက်ကွဲမှုဖြစ်​ကြောင်း​ မီး​သတ်အကြီး​အတန်း​ရာရှိ​ပြော မြန်မာစံ​တော်ချိန် ည​နေ ​လေး​နာရီ ​မေး​မြန်း​ချက် ဒီမနက် အရုဏ်မတက်ခင် ရန်ကုန်တိုင်း​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ် စက်ဆန်း​က ဂို​ဒေါင်​တွေမှာ မီး​လောင်​ပေါက်ကွဲမှုဟာ ပရ​ဆေး​သို​လှောင်ရုံကို မီး​စွဲရာက ယမ်း​စိမ်း​တွေ ​ပေါက်ကွဲတာလို့​ မြန်မာနိုင်ငံ မီး​သတ်တပ်ဖွဲ့​ ညွန့်​ကြား​ရေး​မှူး​ဦး​ တင်​ဌေး​ရွေက ​ပြောပါတယ်။ မီး​လောင်မှုမှာ မီး​သတ်သမား​ ငါး​ဦး​ ​သေဆုံး​ခဲ့​တယ်လို့​ ​ပြောပါတယ်။ ​သေဆုံး​ခဲ့​တဲ့​ မီး​သတ်ရဲ​ဘော်ငါး​ဦး​ကို ​ရေ​ဝေး​သုသာန်မှာ ည​နေငါး​နာရီ သင်္ဂြိုဟ်မယ်လို့​ ညွန်မှူး​က ​ပြောပါတယ်။ ရခိုင်ဝန်ကြီး​ ဦး​ဇော်​အေး​မောင်နဲ့​ ​မေး​မြန်း​ချက် ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က တိုင်း​ရင်း​သား​ရေး​ရာ ရခိုင်ဝန်ကြီး​ ဦး​ဇော်​အေး​မောင်ဟာ မနက် ၂ နာရီ ​ပေါက်ကွဲမှုဖြစ်တဲ့​နေရာကို ​ရောက်ရှိပြီး​ အကူအညီ​ပေး​ရေး​ ​ဆောင်ရွက်ခဲ့​သလို ဓာတ်ပုံရိုက်မှတ်တမ်း​တင်ခဲ့​ပါတယ်။ [caption id="attachment_19323" align="alignright" width="150" caption="ဦးဇော်အေးမောင် (ဓာတ်ပုံ-facebook)"][/caption] ဦး​ဇော်​အေး​မောင်ကို ​မေး​မြန်း​ချက်အရ ​ပေါက်ကွဲမှုဟာ အ​တော်ပြင်း​ထန်လွန်း​တယ်လို့​ ​ပြောပါတယ်။ ဒီ​ပေါက်ကွဲမှုဖြစ်စဉ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေ အသီး​သီး​ဟာ စွမ်း​စွမ်း​တမံ ကူညီ​ဆောင်ရွက်တာကို မြင်​တွေ့​ရတယ်လို့​ သူက ​ပြောပါတယ်။ ဆေး​ရုံကြီး​မှာ ​သွေး​အကူ​ပေး​ရေး​အဖွဲ့​ သွား​ရောက်ကူညီ အေး​နိုင် ၁၂ နာရီ ၃၀ ​မေး​မြန်း​ချက် မင်္ဂလာ​တောင်ညွန့်​မြို့​နယ် စက်ဆန်း​မှာ ဒီမနက် အရုဏ်မတက်ခင် မီး​လောင်​ပေါက်ကွဲမှု​ကြောင့်​ လူနှစ်ဒါဇင်နီး​ပါး​ ​သေဆုံး​ခဲ့​ရပြီး​ လူ ၁၀၀ ခန့်​ ​ဆေး​ရုံပို့​ဆောင်ခဲ့​ရပါတယ်၊ ရန်ကုန်ပြည်သူ့​ဆေး​ရုံကြီး​မှာ ဒဏ်ရာရလူနာ​တွေကို ​သွေး​ကူ​ပေး​ဖို့​ ​ရောက်ရှိ​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူငယ်​သွေး​အကူ​ပေး​ရေး​အဖွဲ့​က ​ဒေါ်သီတာဝင်း​အောင်ကို ဒီ​နေ့​မွန်း​လွဲပိုင်း​မှာ ​မေး​မြန်း​ထား​ပါတယ်။ ရန်ကုန်တိုင်း​ဒေသကြီး​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ်မှာ မီး​လောင်​ပေါက်ကွဲမှုနဲ့​ ပတ်သက်လို့​ မနက်က သွား​ရောက်ကူညီခဲ့​တဲ့​ ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​အဖွဲ့​က ကိုဖြိုး​မင်း​သိမ်း​ကို ​မေး​မြန်း​ထား​ပါတယ်။ ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​တွေ၊​ အမျိုး​သား​ဒီမိုက​ရေစီ ​သွေး​အကူအညီ​ပေး​ရေး​အဖွဲ့​၊​ ပြည်ခိုင်ဖြိုး​ပါတီ၊​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် စတဲ့​ အဖွဲ့​အစည်း​တွေကလည်း​ ကူညီ​နေတာ မြင်​တွေ့​ခဲ့​ရတယ်လို့​ ဆိုပါတယ်။ ကိုဖြိုး​မင်း​သိမ်း​ကို ဒီ​နေ့​ခင်း​ ၁၂ နာရီ ၁၅ မှာ ​မေး​မြန်း​ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up