Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းတွင်  တွဲကားနှင့် စစ်ကား တိုက်မိ၊ လူ ၁၇ ဦး ဒဏ်ရာရ
DVB
·
March 6, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာအနီး မိုင်တိုင် ၃၆၆/၄ နဲ့ ၃၆၆/၅ ကြား မတ် ၅ ရက် ညနေ ၅ နာရီခွဲက ရန်ကုန်ဘက်ကို ဦးတည်ပြီး မြတ်မင်းပိုင် မောင်းလာတဲ့ တွဲကားမှာ ရုတ်တရက် လမ်းဖြတ်ကူးလာသူကို ရှောင်လိုက်ရာ တဖက်ယာဉ်ကြော မန္တလေးဘက် ဦးတည်လာနေတဲ့ စစ်ယာဉ်တန်းမှ စစ်ကားတစီးကို တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ လူ ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ “တွဲကားက အရှိန်ပါတော့ လမ်းဖြတ်ကူးလာသူကို ရှောင်ကွင်းလိုက်တာ အရှိန်က များနေတယ်။ ထိန်းလိုက်တာ ကားခေါင်းက လာရာဘက်ကို ပြန်လှည့်သွားတယ်။ တွဲနဲ့ ကားခေါင်းက ဂငယ်လို ကွေးသွားတာပေါ့။ စစ်ကားကို တွန်းလှဲလိုက်သလို ဖြစ်သွားတယ်” လို့ ဒိုင်ကောင်းကုန်း ရွာခံတဦးက ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ရဲစခန်းမှ ရဲအုပ်ကျော်နိုင်စိုးက “တွဲကားမောင်းသူနဲ့ ရဲဘော် ၁၆ ယောက် ထိခိုက်ဒဏ်ရာရတယ်။ သေဆုံးသူ မရှိပါဘူး” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရဲစခန်းမှ ယာဉ် (ပ)၁၃/၂၀၁၇ ဖြင့် တွဲကားမောင်းသူ မြတ်မင်းပိုင်ကို ယာဉ်မဆင်မခြင် မောင်းလို့ မိမိနဲ့ တခြားသူ သာမန် ဒဏ်ရာရစေတဲ့ ပြစ်မှု ပုဒ်မ ၃၃၇/ ပြင်းထန်ဒဏ်ရာရစေတဲ့ ပြစ်မှု ပုဒ်မ ၃၃၈ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း၊ ဓာတ်ပုံ -  မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024