Home
ရုပျသံ
ကိုးကန့်လက်နက်ကိုင်အဖွဲ့ လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက် (ရုပ်သံ)
DVB
·
March 6, 2017
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ကို  ဒီနေ့ မနက် ၂ နာရီ ၀န်းကျင်လောက်က မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် ကိုးကန့်တပ်တွေက အလစ်အငိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ “တိုက်ပွဲဖြစ်တာတော့ သိတယ်။ တိုက်ပွဲအသေးစိတ်တော့ မသိရဘူး။ မြောက်ပိုင်းမဟာမိတ်ဆိုတာက ကျနော်တို့က စစ်ရေးအရ ပူးပေါင်းတဲ့အဖွဲ့ MNDAA, AA, KIA, TNLA ပေါ့နော်။ ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလလောက်ကစပြီးတော့ စစ်ရေးပူးပေါင်းရေးရာလုပ်တယ်။ မြောက်ပိုင်းမဟာမိတ်ဆိုတော့ ကျနော်တို့ အကုန်စုပေါင်းပြီးမှ တပ်တွေကို စုပေါင်းထားတာ မဟုတ်ဘူး။ အကုန်လုံး တပေါင်းတစည်းတည်း မဟုတ်ဘူး။ သူ့တပ်ရင်း၊ ကိုယ့်တပ်ရင်း ဒီတိုင်းပဲနေတယ်။ သူ့နယ်မြေ၊ ကိုယ့်နယ်မြေမှာ တိုက်တယ်။ အဲလိုမျိုးပုံစံပေါ့။ အခုဟာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ MNDAA နဲ့ တိုက်ပွဲဖြစ်တယ်ပေါ့” လို့ တအာင်းတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို  ကားတွေနဲ့ အဆောက်အဦတွေလည်း ပျက်စီးခဲ့ပါတယ်။ လောင်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်တဲ့ ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ လောက်ကိုင်မြို့တွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဗီဒီယို - လုလု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024