DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် သမီးဖြစ်သူအား အဓမ္မပြုကျင့်သည့် ဖခင်ကို ရဲက ဖမ်းဆီး
DVB
·
March 6, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ငပယင်းကျေးရွာမှာ ၁၇ နှစ်အရွယ် သမီးဖြစ်သူအား ၂ ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့မှုနဲ့ ဖခင်အရင်းဖြစ်သူကို မတ် ၄ ရက်နေ့မှာ ရဲက ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းက စိုင်ပြင်ကျေးရွာမှာ ရွှေနားကွင်းပြုလုပ်ဖို့ ဖခင်ဖြစ်သူက သမီးဖြစ်သူကို ဆိုင်ကယ်နဲ့ခေါ်ဆောင်သွားပြီး အပြန်မှာ လာတဲ့လမ်းအတိုင်း မဟုတ်ဘဲ ရဲထွက်ကျေးရွာမှ ဆင်ရံကျေးရွာအသွား မူးဘောင်လမ်းဘေးရှိ လယ်တဲအတွင်း အဓမ္မခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

အဲဒီဖြစ်ရပ်ကို မိခင်ဖြစ်သူအား ဖွင့်ပြောပြရာ ပြဿနာမကြီးစေလိုတဲ့အတွက် တိုင်တန်းမှုမပြုလုပ်ဘဲ ထားရာမှ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဖခင်ဖြစ်သူနဲ့ ယာခင်းအတွင်း ကုလားပဲရိတ်အပြီး ထင်းခွေနေစဉ် ဖခင်ဖြစ်သူက အနီးရှိ အပင်အောက်သို့ ဆွဲခေါ်ပြီး သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိခင်ဖြစ်သူအား ပြန်လည်ပြောပြရာ မတ်လ ၄ ရက်နေ့မှာတော့ ကျူးလွန်ခံရတဲ့ သမီးအရင်းဖြစ်သူက ဘုတလင်မြို့မ ရဲစခန်းမှာ တိုင်ကြားခဲ့လို့ ရဲစခန်းက ကျူးလွန်သူ ဦးဆွေကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013