ရေးမြို့နယ် ပင်လယ်ပြင်တွင် ခိုက်ရန်ဖြစ်ပွား၊ ၁ ဦး သေဆုံး

မွန်ပြည်နယ် ရေးမြို့နယ် အနောက်ဘက်ကပ္ပလီပင်လယ်ပြင် ငှက်ပျော်ကျွန်းအနီးမှာ မတ် ၅ ရက်နေ့ မနက်ပိုင်းက စိန်ပိုက်ငါးဖမ်းစက်လှေမှာ စကားများခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ရေလုပ်သားတဦး သေဆုံးခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ပြောပါတယ်။ ရေလုပ်သားတွေ ဖြစ်ကြတဲ့ ဦးတင်မြင့်နဲ့ အောင်ထွန်းတို့ အလုပ်လုပ်ရင်း စကားများရန်ဖြစ်ကြလို့ ဦးတင်မြင့်က အောင်ထွန်းအား ပိုက်ဖာဓားနဲ့ ထိုးခဲ့လို့သေဆုံးခဲ့တာဖြစ်ကြောင်း ရေးမြို့မရဲစခန်းမှ ရဲအုပ်အေးငြိမ်းဇော်က ပြောပါတယ်။ သေဆုံးသူ အောင်ထွန်း ၂၅ နှစ်ကို ရေးမြို့ ပြည်သူ့ဆေးရုံကို ပို့လိုက်ပြီး ဦးတင်မြင့်အား ဥပဒေအရ အရေးယူပေးပါဖို့ ရေလုပ်ငန်း စာရေးက ကျော်စွာဦးက မတ် ၅ ရက်နေ့ ညနေမှာ ရေးမြို့မရဲစခန်းမှာ တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။ တိုင်တန်းချက်အရ ဦးတင်မြင့်ကို  မြို့မရဲစခန်းက ရာဇာသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားတယ်လို့ ဒုရဲအုပ်က ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - နေမျိုးထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up