A d v e r t i s e m e n t With Us

မင်္ဂလာ​တောင်ညွန့်​မြို့​နယ် မီး​လောင်၊​ ​သေဆုံး​ ဒဏ်ရာရသူ များ​ပြား

ရန်ကုန်မြို့​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ် စက်ဆန်း​မှာ ဒီက​နေ့​ အ​စောပိုင်း​က အကြီး​စား​ မီး​လောင်​ပေါက်ကွဲ့​မှု​တွေ ဖြစ်ပွား​ခဲ့​တာ​ကြောင့်​ ​သေဆုံး​ဒဏ်ရာရသူ အများ​အပြား​ ရှိတယ်လို့​ မီး​သတ်ဌာနက ​ပြောပါတယ်။ မီး​ဟာ တနာရီ ၄၅ မိနစ်​လောက်မှာ ဂို​ဒေါင်တလုံး​က​နေ စတင်​လောင်ကျွမ်း​တာ ဖြစ်ပြီး​ နံနက် ၄ နာရီ ​ကျော်​ကျော်​လောက်မှာ မီး​ငြိမ်း​သွား​တဲ့​အ​ကြောင်း​ မီး​ကျွင်း​မီး​ကျန်​တွေကို ဆက်လက် ငြိမ်း​သတ်​နေဆဲပဲလို့​စည်ပင် မီး​သတ်ဌာနက ​ပြောပါတယ်။ “ငြိမ်း​သွား​ပါပြီခင်ဗျာ။ မီး​ကျွင်း​မီး​ကျန်​တွေပဲ ငြိမ်း​နေတာပဲ ရှိပါတယ်။ ၁ နာရီ ၄၅ က​နေစပြီး​ ​လောင်တာ ၄ နာရီ ၃၅ မှာ မီး​ထိန်း​နိုင်ပြီး​ အဲဒီ​နောက်ပိုင်း​ကို မီး​ကျွင်း​မီး​ကျန်​တွေကို ငြိမ်း​နေတာ။ လူ​တွေ​တော့​ ဒဏ်ရာရတာ​ပေါ့​။ အများ​ဆုံး​တော့​ အရန်မီး​သတ်​တွေ​ပေါ့​။ မီး​တော်​တော်ကြီး​ပါတယ်။ ကျ​နော်တို့​ဆီ သတင်း​ဝင်လာတာ ပရ​ဆေး​ဂို​ဒေါင်က စ​လောင်တာလို့​ ​ပြောပါတယ်။” မီး​လောင်မှုမှာ ​သေဆုံး​သူ အတိအကျ မသိရ​သေး​တဲ့​အ​ကြောင်း​နဲ့​ ဂို​ဒေါင်​တွေ ​ပေါက်ကွဲတာ​ကြောင့်​ မီး​သွား​ငြိမ်း​သတ်တဲ့​ မီး​သတ်​တွေတပ်ဖွဲ့​ဝင်​တွေ အပါအဝင် လူအများ​အပြား​ ​သေဆုံး​ ဒဏ်ရာရမှုရှိတယ်လို့​ပြောပါတယ်။ ဂို​ဒေါင်​တွေ အနီး​နား​က လူ​နေအိမ်အချို့​လည်း​ မီး​လောင်သွား​ပြီး​ ​ပေါက်ကွဲသံ​တွေ ကျယ်ကျယ်​လောင်​လောင် ကြား​ခဲ့​ရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ ရန်ကုန်ကလာတဲ့​ ​အေပီသတင်း​တပုဒ်မှာ​တော ​၁၆ ဦး​ ​သေဆုံး​တယ်လို့​ဖော်ပြပြီး​ ရိုက်တာသတင်း​ တပုဒ်မှာ​တော့​ ၁၇ ဦး​သေဆုံး​ကာ ၈၀ ​ကျော် ဒဏ်ရာ​ ရသွား​တယ်လို့​ ရဲတပ်ဖွဲ့​က ​ပြောတဲ့​အ​ကြောင်း​ ​ဖော်ပြပါတယ်။ သေဆုံး​ဒဏ်ရာရမှုနဲ့​ ပတ်သက်ပြီး​ ဒီဗွီဘီက ရန်ကုန်​ဆေး​ရုံကြီး​ ဆက်သွယ် ​မေး​မြန်း​ခဲ့​ပေမယ့်​ ​ဖြေကြား​ခြင်း​ မရှိပါဘူး​။

A d v e r t i s e m e n t With Us

More News
Up