A d v e r t i s e m e n t With Us

တတိယအကြိမ်လွှတ်​တော်တွင် ဘဏ္ဍာ​ရေး​ဥပ​ဒေများ​ ပြင်ဆင်​ရေး​ဆွဲရန်ရှိ

တတိယအကြိမ် ပုံမှန်လွှတ်​တော် အစည်း​အ​ဝေး​မှာ ရသုံး​မှန်း​ချေ ​ငွေစာရင်း​အပါအဝင် ဘဏ္ဍာ​ရေး​နဲ့​ သက်ဆိုင်တဲ့​ ဥပ​ဒေ​တွေကို ပြင်ဆင်​ရေး​ဆွဲ ပြဋ္ဌာန်း​ဖို့​ ရှိ​နေပါတယ်။ ၂၀၁၂ ခု ဇန်နဝါရီ တတိယပတ်​လောက် စတင်မယ့်​ တတိယအကြိမ် ပြည်​ထောင်စု လွှတ်​တော်အစည်း​အ​ဝေး​မှာ ပြီး​ခဲ့​တဲ့​ ဘဏ္ဍာနှစ်အတွက် ​ငွေစာရင်း​ရှင်း​တမ်း​အပါအဝင် ပြည်သူသို့​ အစီအရင်ခံစာ ထုတ်ပြန်ဖို့​နဲ့​ လာမယ့်​ ဘဏ္ဍာ​ရေး​နှစ်အတွက် ရသုံး​မှန်း​ချေ ​ငွေစာရင်း​တွေကို ​ဆွေး​နွေး​ ဖို့​ရှိ​နေတာပါ။ ဒါ့​အပြင် ဘဏ္ဍာ​ရေး​ကဏ္ဍနဲ့​ ပတ်သက်ပြီး​ ဥပ​ဒေ​ဟောင်း​တွေကိုလည်း​ ဒီလွှတ်​တော်သက်တမ်း​အတွင်း​ ပြင်ဆင်​ရေး​ဆွဲမယ်လို့​ ပြည်သူ့​လွှတ်​တော် ပြည်သူ့​ငွေစာရင်း​ကော်မတီဝင် ​ဒေါ်တင်နွယ်ဦး​က ​ပြောပါတယ်။ “ပြန်ပြင်ရန်ရှိ​သော ပြည်သူသို့​ အစီရင်ခံစာ​တော့​ ဖြစ်လိမ့်​မယ်ထင်တယ်။ ဒါ လွှတ်​တော်ရဲ့​ ပထမဦး​ဆုံး​ ဘတ်ဂျက်ကိုး​။ ​နောက်ပြီး​တော့​ အ​နေအထား​ချင်း​ကလည်း​ မတူ​တော့​ဘူး​လေ။ ပြည်နယ်တိုင်း​တွေနဲ့​ ဗဟိုနဲ့​ အဲဒီလို ​ပြောင်း​သွား​ပြီ ဆို​တော့​ ပထမဦး​ဆုံး​ ၂၀၁၁-၁၂ ဘတ်ဂျက်က အရင်အစိုး​ရက ဆွဲခဲ့​တဲ့​ ဘတ်ဂျက်။ အခု ၂၀၁၂-၁၃ ကစပြီး​တော့​ ဒီ ​နောက်အစိုး​ရလက်ထက်မှာ စပြီး​တော့​ သုံး​မယ်၊​ စပြီး​တော့​ ဆွဲမယ့်​ ဘတ်ဂျက်ဆို​တော့​ ပြင်စရာ​တွေက​တော့​ ရှိဦး​မှာ​ပေါ့​။” အရင် တပ်မ​တော်အစိုး​ရလက်ထက် ​ရေး​ဆွဲပြီး​ လွှဲ​ပြောင်း​ပေး​ခဲ့​တဲ့​ ရသုံး​မှန်း​ချေ ​ငွေစာရင်း​မှာ ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စာရင်း​ နည်း​ပါး​နေတဲ့​အ​ပေါ် လာမယ့်​ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ပိုမို ရရှိလာနိုင်တယ်လို့​လည်း​ ​ပြောပါတယ်။ “တိုး​ဖို့​တော့​ ရှိပါတယ်။ ဘာလို့​လဲဆို​တော့​ အန်တီက ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​ ဘတ်ဂျက်ကို တင်ခဲ့​တုန်း​က သူတို့​ကို ​ပြောတယ်၊​ အနည်း​ဆုံး​ ၂၀ ရာခိုင်နှုန်း​က​နေ ၃၀ ရာခိုင်နှုန်း​အထိ ဘတ်ဂျက်ဆိုတာ တိုး​ဆွဲလို့​ ရတယ်ဆို​တော့​ အဲဒီ နဂိုပါရှိတဲ့​ စရိတ်​ပေါ့​။ ဥပမာ လစာကသာ တိုး​လို့​ မရရင်​နေမယ် ကျန်တဲ့​ အသုံး​စရိတ်​တွေ​တော့​ တိုး​လို့​ ရမယ် ထင်ပါတယ်။” မြန်မာနိုင်ငံမှာ နှစ် ၂၀ ​ကျော်ကာလအတွင်း​ ပြန်လည်​ပေါ်​ပေါက်လာတဲ့​ ပထမဆုံး​အကြိမ် လွှတ်​တော်အစည်း​အ​ဝေး​တွေကို ၂၀၁၁ ခု ဇန်နဝါရီ ၃၁ ရက်​နေ့​က​နေ မတ်လ ၃၀ ရက်​နေ့​ အထိ၊​ ဒုတိယ ပုံမှန် အစည်း​အ​ဝေး​တွေကို ၂၀၁၁ ခုနှစ် ဩဂုတ် ၂၂ ရက်က​နေ နိုဝင်ဘာ ၂၅ ရက်​နေ့​အထိ ကျင်း​ပခဲ့​တာပါ။ လွှတ်​တော် အစည်း​အ​ဝေး​တွေအတွင်း​ ပြင်ဆင်၊​ အတည်ပြုခဲ့​တဲ့​ ဥပ​ဒေ ​တွေအ​ပေါ် ဒီမိုက​ရေစီစနစ်နဲ့​ ကိုက်ညီမှုမရှိတဲ့​ ဥပ​ဒေအချို့​ ပါဝင်​နေတယ်လို့​ ​ဝေဖန်​နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up