Homeသတင်းဓာတ်ပုံ
ပူပြင်းခြောက်သွေ့ရာသီ ရေခန်းခြောက်စပြုလာပြီဖြစ်သည့် မိုးယွန်းကြီးအင်း ဘေးမဲ့တော (ဓာတ်ပုံ)
ပူပြင်းခြောက်သွေ့ရာသီ ရေခန်းခြောက်စပြုလာပြီဖြစ်သည့် မိုးယွန်းကြီးအင်း ဘေးမဲ့တော (ဓာတ်ပုံ)
ပီတာအောင်
·
March 3, 2017
ကျေးငှက်တွေ၊ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ သာယာလှပတဲ့ မိုးယွန်းကြီးအင်း သဘာဝ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ ဆောင်းအကုန် နွေအကူးကာလ ပူးပြင်းခြောက်သွေ့တဲ့ရာသီမှာ ရေစတင်ခြောက်ခန်းစ ပြုလာနေပြီဖြစ်ပါတယ်။
ရန်ကုန်ကနေ မိုင် ၇၀ လောက်ဝေးတဲ့ မိုးယွန်းကြီးအင်း ဘေးမဲ့တောဟာ ပဲခူးတိုင်း၊ ပျဉ်ပုံကြီးရွာ ရန်ကုန်-မန္တလေးကားလမ်းဘေး တဘက်တချက်မှာတည်ရှိပြီး ပြည်တွင်းပြည်ပက ခရီးသွားတွေ၊ သဘောဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေနဲ့ ငှက်ဝါသနာရှင်တွေအတွက် အပန်းဖြေစရာ၊ လေ့လာစရာ နေရာတခုလည်း ဖြစ်ပါတယ်။
နိုဝင်ဘာလကနေ မတ်လအတွင်းမှာ ဆောင်းခိုငှက်တွေ အများအပြား လာရောက်လေ့ရှိပြီး ငှက်မျိုးစုံ မျိုးစိတ်ပေါင်း ၁၃၀ လောက် နေထိုင်ကျက်စားလေ့ရှိတဲ့ မိုးယွင်းကြီးအင်းထဲမှာ စက်လှေစီးရင်း ကျေးငှက်တွေကို လှည့်လည်ကြည့်ရှု လေ့လာနိုင်ပါတယ်။