DVB Logo
Home
မြန်မာသတင်း
သယံဇာတ တန်း​တူသုံး​စွဲခွင့်​ပေး​ရန် ရခိုင်ပါတီ​တောင်း​ဆို
DVB
·
December 28, 2011
သယံဇာတ တန်း​တူသုံး​စွဲခွင့်​ပေး​ရန် ရခိုင်ပါတီ​တောင်း​ဆို
Donate to DVB

တိုင်း​ရင်း​သား​ဒေသကထွက်တဲ့​ သယံဇာတ​တွေရဲ့​အကျိုး​ကို တိုင်း​ရင်း​သား​တွေ ခံစား​ခွင့်​ရ​ရေး​ လူထုလှုပ်ရှား​မှုတခု ပြုလုပ်ဖို့​ စီစဉ်​နေတယ်လို့​ သိရပါတယ်။

ရခိုင်ပြည်နယ်ကထွက်တဲ့​ သယံဇာတ​တွေကို ရခိုင်ပြည်နယ်သား​တွေ ခံစား​ပိုင်ခွင့်​နဲ့​ ပတ်သက်လို့​လာမယ့်​ ဇန်နဝါရီ ၁ ရက် နှစ်ဆန်း​တရက်​နေ့​မှာ လူထုစည်း​ဝေး​ပွဲတခု ကျင်း​ပပြီး​ ပြည်သူ​တွေကို ရှင်း​ပြဖို့​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ (အာအန်ဒီပီ) က စီစဉ်​နေတာပါ။

အထူး​သဖြင့်​ ရခိုင်ကမ်း​လွန်က ထွက်တဲ့​ သဘာဝဓာတ်​ငွေ့​ကရတဲ့​ လျှပ်စစ်မီး​တွေ ရခိုင်ပြည်သူ​တွေ အကျိုး​ခံစား​ခွင့်​ရရှိဖို့​ မြန်မာနိုင်ငံမှာ မီတာခ​တွေ စတင် တိုး​မြှင့်​မယ့်​နေ့​နဲ့​ချိန်ကိုက်ပြီး​ ကျင်း​ပဖို့​စီစဉ်ထား​တာလို့​ ပါတီ​ခေါင်း​ဆောင် ​ဒေါက်တာ ​အေး​မောင်က ​ပြောပါတယ်။

“လျှပ်စစ်မီး​နဲ့​ ပတ်သက်လို့​ လက်ရှိ ​ပေး​နေရတဲ့​ နှုန်း​လေး​တွေ လူထုကို ချပြဖို့​ ရှိပါတယ်။ ဓာတ်​ငွေနဲ့​ ပတ်သက်လို့​ပါ။ အဲဒါကို တရုတ်ပြည်ကြီး​ကိုလည်း​ သင့်​တော်တဲ့​ နှုန်း​နဲ့​ ​ရောင်း​သလို အဲဒီက တခြား​ ၁၀၀ ​လောက်ရှိတဲ့​ ကုဗ​ပေ တန်ကိုလည်း​ မြန်မာလူထုကို ​ပေး​မယ်ဆိုတာ ကျ​နော်တို့​ သိပါတယ်။ အဲဒီ အ​ခြေခံ သင့်​တော်တဲ့​ နှုန်း​လေး​ကို ရခိုင်ပြည်သူလူထုကိုလည်း​ အသုံး​ပြု​ပေး​အောင်၊​ သင့်​လျော်တဲ့​ နှုန်း​ထား​လေး​ တခုကို ပြည်​ထောင်စုအစိုး​ရ အပါအဝင် လွှတ်​တော်က ဆုံး​ဖြတ်ပြီး​ကာမှ ပြုပြင်နိုင်​အောင်ပါ။ အဲဒါ​လေး​ကို ကျ​နော်တို့​ မီး​မောင်း​ထိုး​ပြဖို့​ ရှိပါတယ်။ လွှတ်​တော်အမတ်​တွေ ​တော်​တော်များ​များ​ ပါမယ်။ ကျ​နော်တို့​ ပါတီကလည်း​ ပါမယ်။ အဲဒါ​လေး​ကို ​ဆွေး​နွေး​ဖို့​ အစီအစဉ် လုပ်ထား​တာပါ။”

ဒီလို ကျင်း​ပခွင့်​ရဖို့​ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်ရဲ့​ခွင့်​ပြုချက် ရထား​ပြီး​ပြီလို့​လည်း​ သိရပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား​ သုံး​စွဲခ​တွေကို လာမယ့်​ ဇန်နဝါ ၁ ရက်​နေ့​ကစပြီး​ အိမ်သုံး​ ၁ ယူနစ် ၂၃ ကျပ်က​နေ ၃၅ ကျပ်နဲ့​စီး​ပွား​ရေး​လုပ်ငန်း​သုံး​ ၁ ယူနစ်ကို ၅၀ ကျပ်က​နေ ၇၅ ကျပ်နှုန်း​ထိ တိုး​မြှင့်​ကောက်ခံမယ်လို့​ မြန်မာအစိုး​ရက တရား​ဝင် ထုတ်ပြန်ထား​တာပါ။

ဒါ​ပေမယ့်​ ရခိုင်ပြည်နယ်မှာ​တော့​ ၁၀ ယူနစ်​လောက်ပဲ အစိုး​ရသတ်မှတ်နှုန်း​နဲ့​ ခံစား​ခွင့်​ရပြီး​ ကျန်တဲ့​ မီတာခ ယူနစ်​တွေကို ၁ ယူနစ် မြန်မာကျပ် ၅၀၀ ​လောက်ထိ ရခိုင်ပြည်သူ​တွေက ​ပေး​ဆောင်​နေရတာပါ။

ဒါ​ကြောင့်​ ရခိုင်ပြည်နယ်မှာလည်း​ ရန်ကုန်နဲ့​တခြား​တိုင်း​ဒေသ​တွေမှာလို မီတာခ​တွေကို အစိုး​ရနှုန်း​ထား​နဲ့​တ​ပြေး​ညီ သတ်မှတ်သင့်​တယ်လို့​လည်း​ ​ဒေါက်တာ​အေး​မောင်က ​ပြောပါတယ်။

“ပြည်​ထောင်စုကို ချီတက်တဲ့​အခါမှာ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်ဟာ တ​ပြေး​ညီ ဖြစ်ဖို့​လိုပါတယ်။ ကိုယ့်​ရဲ့​ နိုင်ငံထဲက ပြည်နယ် တိုင်း​ဒေသကြီး​တွေ မဟုတ်ဘူး​လား​။ ဒီလူထု​တွေကို ဒီလို မျှ​ဝေခံစား​ခွင့်​ မရှိဘူး​လား​ ဆိုတာ​လေး​ကိုလဲ ကျ​နော်တို့​က မီး​မောင်း​ထိုး​ပြချင်တာ။ ပြည်နယ်​ဒေသ​တွေကလည်း​ ပြည်​ထောင်စုရဲ့​ အစိတ်အပိုင်း​တွေမို့​လို့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေအရ ​ပေါ်​ပေါက်လာတဲ့​ ပြည်​ထောင်စုအစိုး​ရဟာ ​ကျောသား​ ရင်သား​ မခွဲခြား​ပဲနဲ့​ တိုင်း​ဒေသကြီး​ ပြည်နယ် အကုန်လုံး​ကို ​ပေး​နိုင်မယ့်​ တနည်း​ပဲ ရှိတယ်။ လူထုအကုန်လုံး​က ရင်ဝယ်သား​ ကဲ့​သို့​ပေါ့​ဗျာ။ ကျ​နော်တို့​ဟာ ညီအစ်ကိုချင်း​ပဲ။ သား​ကြီး​မို့​လို့​ အများ​ကြီး​ယူပါ​စေ၊​ သား​ငယ်မို့​လို့​ ဒါပဲ ဖြစ်သမျှ ခံရမယ် ဆိုတဲ့​ စိတ်ဓာတ်မျိုး​လည်း​ မရှိဖို့​ ပြည်​ထောင်စု အစိုး​ရမှာ လိုတယ်​လေ။”

လက်ရှိအာဏာရ မြန်မာအစိုး​ရလက်ထက်မှာ ပြည်နယ်တိုင်း​ဒေသကြီး​ တခုကထွက်တဲ့​ သယံဇာတ​တွေကို ပြည်​ထောင်စုအစိုး​ရကသာ စီမံခန့်​ခွဲ​နေပြီး​ ပြည်နယ်အစိုး​ရ​တွေက သယံဇာတ​တွေကို သက်ဆိုင်ရာ ​ဒေသ​တွေမှာ ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​တွေ ​ဆောင်ရွက် အသုံး​ချခွင့်​မရှိဘဲ ဖြစ်​နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013