ကော့မှူးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ် (ဓာတ်ပုံ)
ကိုမောင်
·
March 3, 2017
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့် ခေါင်းဆောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဟောပြောမှုတွေ ဒီကနေ့ ပြုလုပ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့တဲ့ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော်နေရာအတွက် အန်အယ်လ်ဒီ၊ ကြံ့ခိုင်ရေးပါတီနဲ့ တသီးပုဂ္ဂလတွေ အပါအဝင် ကိုယ်စားလှယ်လောင်း ၉ ယောက်ထိ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။