DVB Logo
Home
မြန်မာသတင်း
ကေအိုင်​အေနှင့်​ အစိုး​ရတပ် တိုက်ပွဲများ​ ဆက်လက်ဖြစ်ပွား
DVB
·
December 28, 2011
ကေအိုင်​အေနှင့်​ အစိုး​ရတပ် တိုက်ပွဲများ​ ဆက်လက်ဖြစ်ပွား
Donate to DVB

ကချင်ပြည်နယ် မိုး​မောက်မြို့​နယ်နဲ့​ ရှမ်း​ပြည်​မြောက်ပိုင်း​ ကွတ်ခိုင်မြို့​နယ်ထဲမှာ ​ကေအိုင်​အေ ကချင်လွတ်​မြောက်​ရေး​တပ်ဖွဲ့​နဲ့​ အစိုး​ရတပ်မ​တော်တို့​ ဒီ​နေ့​ မနက်ပိုင်း​မှာ တိုက်ပွဲ​တွေ ဖြစ်ပွား​ခဲ့​ပါတယ်။

ကေအိုင်အို တပ်မဟာ ၃ က ထိန်း​ချုပ်ထား​တဲ့​ မိုး​မောက်မြို့​နယ် လွယ်ဂျယ်-ချင်လုံသွား​ ကား​လမ်း​ပေါ်မှာ စစ်​ကြောင်း​ချီလာတဲ့​ အစိုး​ရ တပ်မ ၈၈ နဲ့​ ​ကေအိုင်အို တပ်မဟာ ၅ တို့​တိုက်ပွဲဖြစ်ပွား​ခဲ့​တာပါ။

အလား​တူ ​ကေအိုင်​အေတပ်မဟာ ၄ ထိန်း​ချုပ်နယ်​မြေဖြစ်တဲ့​ ရှမ်း​ပြည်နယ် ကွတ်ခိုင်မြို့​နယ် နမ့်​ဖတ်ကာ ​ဒေသထဲမှာလည်း​ ပြီး​ခဲ့​တဲ့​ ခရစ္စမတ်​နေ့​ကစပြီး​ ဒီက​နေ့​အထိ တိုက်ပွဲ​တွေဖြစ်ပွား​ခဲ့​တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

နှစ်ဘက် ထိခိုက်ဒဏ်ရာရတာ​တွေ ရှိ​ပေမယ့်​ တိုက်ပွဲမပြီး​သေး​လို့​ စာရင်း​အတိအကျ မ​ပြောနိုင်​သေး​တဲ့​အ​ကြောင်း​၊​ အစိုး​ရတပ်က ​ကေအိုင်​အေတပ်ရင်း​ ၈ ကို သိမ်း​ပိုက်ဖို့​ လက်နက်ကြီး​တွေသုံး​ပြီး​ အပြင်း​အထန် ပစ်ခတ်​နေတယ်လို့​ ​ကေအိုင်​အေ​ပြောခွင့်​ရ ဒုတိယဗိုလ်မှူး​ကြီး​ ​ယော်ထုံက ​ပြောပါတယ်။

“ကျ​နော်တို့​လည်း​ ထိုး​လိုက်၊​ တိုက်လိုက်။ စစ်သား​တွေ လက်နက်ကြီး​ပြန်ပစ်လိုက်အဲဒါနဲ့​ တိုက်​နေကြတယ်။ သူတို့​ တပ်ရင်း​ ၈ နယ်​မြေကို အတင်း​လက်နက်ကြီး​တွေနဲ့​ အကြီး​အကျယ် တိုက်​နေကြတယ်။ တပ်မဟာ ၄ နယ်​မြေ အား​လုံး​ကို တိုက်​နေတာပဲ။ သူတို့​ သိမ်း​လို့​ မရတဲ့​ဟာက အဲဒီ တပ်ရင်း​ ၈ နယ်​မြေ ဖြစ်​နေတယ်။ အဲဒါ​ကြောင့်​ တိုက်​နေတယ်။ သူတို့​က ကျ​နော်တို့​ဆီကို လာတိုက်တာ။ ကျ​နော်တို့​ ရှိတဲ့​နေရာမှာ လာတိုက်​တော့​ သူတို့​ ပြန်သွား​ပြီ ဆိုရင်​တော့​ တိုက်ပွဲ​တော့​ မရှိ​တော့​ဘူး​ပေါ့​။”

မြစ်ကြီး​နား​-လိုင်ဇာလမ်း​ပေါ်ရှိ ဝိုင်း​မော်မြို့​နယ် မလား​ယန် ​ကျေး​ရွာမှာလည်း​ ​ကေအိုင်​အေနဲ့​ အစိုး​ရ စစ်တပ်ရဲ့​ တပ်မ ၉၉ လက်​အောက်ခံ တပ်​တွေအကြား​ ဒီဇင်ဘာ ၂၆ ရက် ​နေ့​လယ်ပိုင်း​က တိုက်ပွဲဖြစ်ခဲ့​ရာမှာ ​ကျေး​ရွာအတွင်း​က လူ​နေအိမ် ၈ လုံး​ကို စစ်တပ်က မီး​ရှို့​လိုက်တယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

တပ်မ ၉၉ လက်​အောက်ခံတပ်​တွေဟာ မလား​ယန်​ကျေး​ရွာအတွင်း​နဲ့​ ​ကျေး​ရွာအနီး​ရှိ ဆု​တောင်း​ကုန်း​မှာ တပ်စွဲ​နေရာချထား​ပြီး​ မ​နေ့​ကလည်း​ ​ကေအိုင်​အေတပ်ဖွဲ့​နဲ့​ အဲဒီ​ဒေသတဝိုက်မှာ တိုက်ပွဲ​တွေ ကြိုး​ကြား​ ဖြစ်ခဲ့​တယ်လို့​ ဆိုပါတယ်။

တိုက်ပွဲ​တွေ​ကြောင့်​ စစ်​ပြေး​ဒုက္ခသည် ၇ဝ ​ကျော် မြစ်ကြီး​နား​မြို့​ကို ​ရောက်ရှိလာတယ်လို့​ ​ဒေသခံက ​ပြောပါတယ်။

ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရအကြား​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ အပြန်အလှန် စာ​ပေး​ပို့​မှု​တွေ ရှိ​နေစဉ်အတွင်း​ အစိုး​ရတပ်ဘက်က စစ်အင်အား​ဖြည့်​တင်း​မှု​တွေနဲ့​ စစ်​ကြောင်း​လှုပ်ရှား​မှု​တွေ ဆက်လက်လုပ်​ဆောင်​နေရာက​နေ အခုလို နှစ်ဖက် တိုက်ပွဲ​တွေ ဖြစ်​နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013