A d v e r t i s e m e n t With Us

အာဆီယံဥက္ကဋ္ဌ တာဝန်ယူ​ရေး​ မြန်မာနှင့်​ အင်ဒိုနီး​ရှား​ ​ဆွေး​နွေး

မာတီ နာတာလီဂါဝါ
မြန်မာနိုင်ငံမှာ တရက်ကြာ အလည်အပတ်​ရောက်ရှိ​နေတဲ့​ အင်ဒိုနီး​ရှား​ နိုင်ငံခြား​ရေး​ဝန်ကြီး​ မာတီ နာတာလီဂါဝါ (Marty Natalegawa) ဟာ ဒီ​နေ့​မနက်က မြန်မာ့​နိုင်ငံခြား​ရေး​ ဝန်ကြီး​ ဝဏ္ဏ​မောင်လွင်နဲ့​ ရန်ကုန်မှာ ​တွေ့​ဆုံပြီး​ ၂၀၁၄ အာဆီယံ အလှည့်​ကျဥက္ကဋ္ဌ မြန်မာတာဝန်ယူ​ရေး​ကိစ္စ​တွေ ​ဆွေး​နွေး​ခဲ့​တယ်လို့​ သိရပါတယ်။ [caption id="attachment_19250" align="alignright" width="300" caption="မာတီ နာတာလီဂါဝါ "][/caption] ခရီး​စဉ်ရဲ့​ အဓိက ရည်ရွယ်ချက်က​တော့​ ၂၀၀၇ ခုနှစ် ဂျာကာတာမှာလုပ်ခဲ့​တဲ့​ နှစ်နိုင်ငံ ပူး​ပေါင်း​ဆောင်ရွက်​ရေး​ ​ကော်မရှင်ရဲ့​ ဒုတိယအကြိမ် အစည်း​အ​ဝေး​ကို တက်​ရောက်ဖို့​ ဖြစ်တယ်လို့​ ရန်ကုန်အ​ခြေစိုက် အင်ဒိုနီး​ရှား​သံရုံး​က အတွင်း​ဝန်တဦး​ဖြစ်သူ Djumara Supriyadi က ​ပြောပါတယ်။ “မြန်မာအစိုး​ရနဲ့​ ကိစ္စ​တွေ ​တော်​တော်များ​များ​ ​ဆွေး​နွေး​ခဲ့​ပြီး​တော့​ မြန်မာနိုင်ငံမှာ ​ကောင်း​မွန်တဲ့​ အစိုး​ရဖြစ်ဖို့​၊​ စစ်မှန်တဲ့​ ဒီမိုက​ရေစီအဖြစ် ​ပြောင်း​လဲပြီး​တော့​ ​ကောင်း​မွန်တဲ့​ လူ့​အခွင့်​အ​ရေး​တွေရှိဖို့​ အင်ဒိုနီး​ရှား​က ယုံကြည်ပါတယ်။ ​နောက် ၂၀၁၄မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့​အပါ အဝင်​ပေါ့​။ နှစ်နိုင်ငံ ဆက်ဆံ​ရေး​ ပိုမို​ကောင်း​မွန်​ရေး​ စတာ​တွေ ​ဆွေး​နွေး​ခဲ့​ပါတယ်။” အင်ဒိုနီး​ရှား​က လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထား​တာဖြစ်ပါတယ်။ အင်ဒိုနီး​ရှား​ နိုင်ငံခြား​ရေး​ဝန်ကြီး​ မာတီဟာ ဒီက​နေ့​ ည​နေပိုင်း​ ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်မှာ ​တွေ့​ဆုံတယ်လို့​လည်း​ သိရပါတယ်။ အင်ဒိုနီး​ရှား​ သံရုံး​ရဲ့​ အတွင်း​ဝန်က “မြန်မာက အာဆီယံ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ မှာ တာဝန်ယူမယ်ဆိုတာ ဆုံး​ဖြတ်ပြီး​တော့​ အဆုံး​သတ်ခဲ့​တဲ့​ ပြီး​ခဲ့​တဲ့​ အာဆီယံ ထိပ်သီး​ဆွေး​နွေး​ပွဲက အ​ကြောင်း​တွေ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​ပြောပြမှာဖြစ်တယ်။ မြန်မာရဲ့​ ပြုပြင်​ပြောင်း​လဲတာ​တွေ၊​ ဒီမိုက​ရေစီ​ရေး​ တိုး​တက်လာတာ​တွေကို ​ထောက်ခံတဲ့​အ​ကြောင်း​ရယ်၊​ ​ကောင်း​မွန်တဲ့​ တိုင်း​ပြည် တည်​ဆောက်ရာမှာ လက်တွဲသွား​မယ် ဆိုတာရယ် ​ပြောသွား​မှာ ဖြစ်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up