မက္ကဆီကိုတွင် ခိုးယူခံထားရသည့်ယာဉ်တစီးပေါ် ရုပ်အလောင်း ၁ ဒါဇင်ခန့် တွေ့ရှိ

3.8K
မက္ကဆီကိုနိုင်ငံ ဗယ်ရာရုဇ်ပြည်နယ် ခရီးသွားဒေသတခုမှာ မတ်လ ၁ ရက်နေ့က ရုပ်အလောင်း ၁ ဒါဇင်နီးပါးကို စွန့်ပစ်ထားတာတွေ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဇာပါလာမြို့အနီး ခိုးယူခံရတဲ့မော်တော်ယာဉ်တစ်စီးပေါ်မှာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၂ ဦးရဲ့ အလောင်းတွေကို တွေ့ရှိရပြီး သေဆုံးသူတွေဟာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပုံပေါ်တယ်လို့ အာဏာ ပိုင်တွေက ပြောပါတယ်။
အခုအခါ သေဆုံးသူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ဘာကြောင့် အသတ်ခံရသလဲဆိုတဲ့ သဲလွန်စတွေကို တာဝန်ရှိသူတွေက ရှာဖွေစုံစမ်းနေပါတယ်။ အထူးသဖြင့် သေဆုံးသူတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေအကြား ဆက်စပ်မှုတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။
ဗာရက်ခရုဇ်ပြည်နယ်ဟာ ဂိုဏ်းဖွဲ့ရာဇဝတ်မှု ထူပြောရာ ပြည်နယ်တခု ဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။