Home
အနုပညာ
အွန်လိုင်း​ရောက်ဇာတ်ကား​အချို့​ လွတ်လပ်ခြင်း​အနုပညာရုပ်ရှင်ပြိုင်ပွဲမှ ပယ်ဖျက်
ရွှေအောင်
·
December 28, 2011
လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်မှာ ဝင်​ရောက်ပြိုင်ပွဲဝင်ထား​ပြီး​ အွန်လိုင်း​ပေါ် ကြို​ရောက်​နေတဲ့​ ဇာတ်ကား​တချို့​ကို ပြိုင်ပွဲဝင် ဇာတ်ကား​အဖြစ်က​နေ ပယ်ဖျက်လိုက်ပါတယ်။ ပြိုင်ပွဲဝင်ရုပ်ရှင်ကား​တချို့​ဟာ ပြိုင်ပွဲကျင်း​ပ​ရေး​ အမှု​ဆောင်အဖွဲ့​ ဆန်ကာတင်စာရင်း​ မ​ကြေညာမီကတည်း​က အင်တာနက် လူမှုကွန်ရက်စာမျက်နှာ​တွေ​ပေါ် ​ရောက်ရှိလာခဲ့​တဲ့​ ကား​တွေကို စည်း​ကမ်း​ချက်နဲ့​ မညီတဲ့​အတွက် ပယ်ဖျက်လိုက်တာလို့​ အမှု​ဆောင်တဦး​ဖြစ်တဲ့​ ဒါရိုက်တာ​မောင်သူရ ​ခေါ် ဇာဂနာက ​ပြောပါတယ်။ “ကျ​နော်တို့​ ပြိုင်ပွဲရဲ့​ စည်း​ကမ်း​အရကို စည်း​ကမ်း​နဲ့​ကို မညီညွတ်ဘူး​။ ကျ​နော်တို့​ တရား​ဝင် စည်း​ကမ်း​ထဲမှာ ပါပြီး​သား​ပါ။ ကျ​နော်တို့​ ပြိုင်ပွဲမှာ စပြတဲ့​ကား​သာ ကျ​နော်တို့​ ဖြစ်ချင်ပါတယ်။ အွန်လိုင်း​မှာဖြစ်​စေ၊​ ရပ်ကွက်ထဲမှာဖြစ်​စေ၊​ ပြန့်​ပြီး​သား​ကား​တွေ ကျ​နော်တို့​ လက်မခံပါဘူး​။ နဂိုကတည်း​က ​ကြေညာထား​ပြီး​သား​ဖြစ်တဲ့​အတွက် ဖျက်လိုက်ပါပြီ။” မြန်မာ့​ရုပ်ရှင်ဆင်ဆာအဖွဲ့​အ​ကြောင်း​ ရိုက်ကူး​ထား​တဲ့​ “အဲဒီ့​အခန်း​ဖြတ်” အမည်ရ ပြိုင်ပွဲဝင်ဇာတ်ကား​ဟာ ပြီး​ခဲ့​တဲ့​အပတ်ထဲ အွန်လိုင်း​ပေါ်​ရောက်လာပြီး​ လူကြိုက်လည်း​ များ​ခဲ့​ပါတယ်။ လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်ကို ရုပ်ရှင်နဲ့​မှတ်တမ်း​ ရုပ်ရှင်​ပေါင်း​ ၁၈၀ ​ကျော် ​ပေး​ပို့​ ယှဉ်ပြိုင်ခဲ့​ကြပြီး​ အဲဒီအထဲက ဆန်ကာတင် ၅၃ ကား​ ​ရွေး​ချယ်ထား​ပြီး​ဖြစ်ပါတယ်။ အဲ့​ဒီကား​တွေကို ဒီဇင်ဘာ ၃၁ ရက် ရုပ်ရှင်ပွဲ​တော်ဖွင့်​ပွဲ​နေ့​မှာ ​ကြေညာပြီး​ ဇန်နဝါရီ ၁ ရက်က​နေ ၃ ရက်အထိ အများ​ပြည်သူကို အခမဲ့​ပြသမှာဖြစ်ပါတယ်။ ပြသမယ့်​နေရာက​တော့​ ရန်ကုန်ပြည်လမ်း​ ​တော်ဝင်စင်တာရှိ ရုပ်ရှင်ပြခန်း​ငယ်​တွေမှာ ဖြစ်ပါတယ်။ ဆုရကား​တွေကို​တော့​ ဇန်နဝါရီလ ၄ ရက်​နေ့​မှာ ​ကြေညာပြီး​ ဆုချီး​မြှင့်​သွား​မှာဖြစ်ပါတယ်။ လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်ဟာ လွတ်လပ်ခြင်း​အ​ပေါ် အ​ခြေခံပြီး​ ရိုက်ကူး​ဖန်တီး​ထား​တဲ့​ ရုပ်ရှင်ဇာတ်ကား​များ​မှတဆင့်​ မြန်မာပြည်သူ​တွေအကြား​ လွတ်လပ်ခြင်း​ရဲ့​ အနှစ်သာရနဲ့​ အ​တွေး​အ​ခေါ် အယူအဆ​တွေ ပျံ့​နှံ့​စေဖို့​ ပထမဆုံး​ အကြိမ် ရည်ရွယ်ကျင်း​ပခဲ့​တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024